ပေါက်မြို့နယ်တွင် အခြေခံစားသောက်ကုန်များကို စစ်ရှောင်များအတွက်ထောက်ပံ့သည်ဟုဝါဒဖြန့်၍ ပျူစောထီးကျေးရွာများ ခွဲဝေယူ

ပေါက်မြို့နယ်တွင် အခြေခံစားသောက်ကုန်များကို စစ်ရှောင်များအတွက်ထောက်ပံ့သည်ဟုဝါဒဖြန့်၍ ပျူစောထီးကျေးရွာများ ခွဲဝေယူ

ဇူလိုင် ၅

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံကြက်ခြေနီအသင်းက စစ်ဘေးရှောင်များအတွက်ဟု ခေါင်းစဉ်တပ်ကာ အခြေခံစားသောက်ကုန်များလှူဒါန်းခဲ့ကြောင်း ဝါဒဖြန့် နေသော်လည်း စစ်ကောင်စီကိုထောက်ခံသော ပျူစောထီးကျေးရွာများကိုသာ ခွဲဝေပေးခြင်းဖြစ်ကြောင်း ဒေသခံများ ပြောကြားချက်အရသိရသည်။

ပေါက်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က အိမ်ထောင်စု(၂၄၇)စုအတွက် တစ်အိမ်ထောင်လျှင် ကျပ် ၂၀၀,၀၀၀ ခန့်တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား အပါအဝင်အခြားပစ္စည်းများကူညီပေးခဲ့သည်ဟု စစ်ကောင်စီ ၏ ဝါဒဖြန့်မီဒီယာတစ်ခုမှ ရေးသားခဲ့သည်။

“ကျွန်တော်တို့ စားဖို့သောက်ဖို့တော့ ရွာနီးဝန်းကျင်က ကူညီပေးကြတယ်။ လူမှုရေးအဖွဲ့တွေက ကူညီပေး ကြတယ်။ အရင်ရက်က ဆန်တွေဘာတွေ ဝေတယ်ဆိုတာက ပေါက်မြို့ပေါ်က မြို့နယ်ရုံးမှာလို့သိရတယ်။  ကျွန်တော်တို့တော့ စစ်ရှောင်စခန်းကနေ ထွက်တောင်မထွက်ရဲဘူး။ သူတို့တွေ(ပျူစောထီးများ)က တွေ့ တာနဲ့သတ်မယ်ဆိုပြီး ခြိမ်းခြောက်ထားကြတယ်။ ကြက်ခြေနီအသင်းကပေးတဲ့ဟာတွေကို ပျူရွာကလူ တွေ ခွဲယူကြတာပဲ။ ကျွန်တော်တို့စစ်ရှောင်တွေဆီတော့ ရောက်မလာပါဘူး” ဟု ပေါက်မြို့နယ်တောင် ပိုင်း ကျေးရွာတစ်ရွာမှ အသက် ၅၀ ကျော်အရွယ် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ 

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှပေးအပ်သည့် ထောက်ပံ့ရေးပစ္စည်းများကို ပျူစောထီးကျေးရွာများဖြစ်သည့် ပင်တောင်ကျေးရွာ၊ သစ်ချိုကုန်း ကျေးရွာ၊ တပ်ကုန်းကျေးရွာနှင့် ဒီးဒုတ် ကွင်းကျေးရွာများရှိ ပျူစောထီးအဖွဲ့ဝင်ရွာသားများသာ ရရှိကြောင်း ပေါက်မြို့နယ်တောင်ပိုင်းမှ စစ်ရှောင် များအား ကူညီပေးနေသူတစ်ဦးထံမှ သိရသည်။

ပေါက်မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးမှုနှင့် ပျူစောထီးများ ဝင်ရောက်မီးရှို့ဖျက်ဆီးမှု များကြောင့် ကျေးရွာပေါင်း ၁၉ ရွာမှ လူဦးရေ ၁၅၀၀ ခန့် စစ်ဘေးရှောင်နေကြရကြောင်း စစ်ရှောင်ကူညီ သူများ၏ မှတ်တမ်းများအရသိရသည်။ 

“တချို့ကတော့ ပြန်စရာအိမ်မရှိတော့ဘူး။ အကုန်မီးလောင်ကုန်ကြတာ။ တချို့ရွာတွေဆို ရွာလုံးကျွတ်ကို ပြာကျသွားတာ။ အခုထိ စစ်ရှောင်စခန်းတွေမှာ လသားအရွယ်ကလေးတွေနဲ့ အသက်အရွယ်ကြီးသူတွေ အများကြီးပဲ။ ရှိတာလေးကို မျှဝေစားသောက်နေကြရတယ်။ အကူအညီကတော့ အမြဲလိုနေတယ်” ဟု ဒေသခံများ၏ အခက်အခဲကို စစ်ရှောင်ကူညီသူ တစ်ဦးက ပြောသည်။ 

ပေါက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့်ပျူစောထီးများ မီးရှို့ဖျက်ဆီးခဲ့သည့်နေအိမ်အရေအတွက် ထောင်ဂဏန်းကျော်ပြီဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

#Mizzima 
#မကွေးတိုင်း
#ပေါက်မြို့နယ်
#မြန်မာနိုင်ငံကြက်ခြေနီအသင်း
#စစ်ဘေးရှောင်
#ထောက်ပံ့ပစ္စည်း
#ပျူစောထီးရွာများ
#ခွဲဝေယူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required