မြောက်အမေရိက ဘတ်စ်ကက်ဘောကစားသမား အကျော်အမော်က တရုတ်၏ ရှင်ကျန်းဒေသ လူမျိုးတုံးသတ်ဖြတ်မှုများကို မေ့ပျောက်မထားရန် ကနေဒါဝန်ကြီးချုပ်ကို တိုက်တွန်း

မြောက်အမေရိက ဘတ်စ်ကက်ဘောကစားသမား အကျော်အမော်က တရုတ်၏ ရှင်ကျန်းဒေသ လူမျိုးတုံးသတ်ဖြတ်မှုများကို မေ့ပျောက်မထားရန် ကနေဒါဝန်ကြီးချုပ်ကို တိုက်တွန်း

မြောက်အမေရိကတိုက်၏ ပရော်ဖက်ရှင်နက် ဘတ်စ်ကက်ဘောအဖွဲ့ NBA ၏ နာမည်ကျော် ကစားသမား အန်းနက်စ်ကန်တာက ရှင်ကျန်းဒေသအတွင်း ဝီဂါလူမျိုးများပေါ် တရုတ်၏လူမျိုးတုံးသတ်ဖြတ်မှုကို ပြင်းပြင်းထန်ထန်အရေးယူရန်နှင့် ကနေဒါအနေဖြင့် တရုတ်၏ ရက်စက်ကြမ်းကြုတ်မှုများကို သည်းမခံနိုင်ကြောင်း ထုတ်ဖော်ပြသရန် ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးအား တိုက်တွန်းလိုက်သည်။

ဝီဂါလူမျိုးများအပေါ် တရုတ်၏ ရက်စက်ကြမ်းကြုတ်မှုများကို အမှန်တကယ်အရေးယူရန် ဝန်ကြီးချုပ် ထရူးဒိုးအား တောင်းဆိုသည့်စာကို အန်းနက်စ်ကန်တာက ဇွန်လ ၁၅ ရက်တွင် ပေးပို့ခဲ့သည်။

တရုတ်က ရှင်ကျန်းပြည်နယ်မှ တာကစ်လူနည်းစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေသည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်နေချိန်တွင် အန်းနက်စ်က တရုတ်ပေါ် ပြတ်ပြတ်သားသားလုပ်ဆောင်ရန် လစ်ဘရယ်အစိုးရကို တိုက်တွန်းသည့်အနေဖြင့် ပြီးခဲ့သည့်လက ထရူးဒိုးထံ စာရေးသားခဲ့ခြင်းဖြစ်သည်။

CBC နှင့်အင်တာဗျူးတွင် ကန်တာဖရီးဒမ်းက သူ၏ပေးစာသည် ထရူးဒိုးလက်ထဲသို့ ရောက်ခဲ့သည်ဟု မထင်ကြောင်း ပြောသည်။

“ရလာတဲ့တုံ့ပြန်မှုက ကျွန်တော်အရေးတယူလုပ်ခဲ့တဲ့ အချက်တွေကို အမှန်တကယ် မဖြေရှင်းပေးနိုင်ခဲ့ပါဘူး။ သူသာ ဒီစာကို ဖတ်ခဲ့မယ်ဆိုရင် ပိုပြီးလေးနက်တဲ့ တုံ့ပြန်မှုရခဲ့မှာပါပဲ။

ကနေဒါမှာတင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးက လူ့အခွင့်အရေးကို သူ အလေးထားရင် သူ ကျွန်တော့်ကို မတုံ့ပြန်စရာ အကြောင်းမရှိဘူး” ဟု ကန်းနက်စ်က ဆိုသည်။

တရုတ်မှဖြစ်ရပ်များကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ကြေညာမည့် ယမန်နှစ်က အောက်လွှတ်တော်မှ တင်သွင်းခဲ့သော အဆိုကို ထရူးဒိုးနှင့် ကက်ဘိနက်ဝန်ကြီးများက ကြားနေခဲ့သည့် ဆုံးဖြတ်ကိုလည်း ကန်းနက်စ်က ဝေဖန်ခဲ့သည်။

ထို့ပြင် ကန်းနက်စ်က တရုတ်နှင့်စီးပွားရေးလုပ်ခြင်းကို ပြန်စဉ်းစားရန် ကနေဒါအား တိုက်တွန်းခဲ့သည်။

ကနေဒါနှင့်အမေရိကန်တို့သည် စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်ကြပြီး ရှင်ကျန်းမှကုန်ပစ္စည်းများကို တားမြစ်လိုက်ပါက ထိုဒေသရှိ ထောက်ပံ့ရေးကွင်းဆက်အစိတ်အပိုင်းဖြစ်ခဲ့သော ကုမ္ပဏီများသည် တရုတ်နှင့် စီးပွားရေးလုပ်ခြင်းကို ပြန်လည်စဉ်းစားလာကြလိမ့်မည်ဖြစ်ကြောင်း ကန်းနက်စ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required