“လူထုတိုက်ပွဲ အရှိန်မြှင့်ကြ” ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

“လူထုတိုက်ပွဲ အရှိန်မြှင့်ကြ” ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ဇူလိုင် ၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၈၀ ရက်မြောက်အဖြစ် ယနေ့ ဇူလိုင်လ ၄ ရက်နေ့တွင် ချီတက်ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “လူထုတိုက်ပွဲ အရှိန်မြှင့်ကြ” စာတန်းအား ကိုင်စွဲကာ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ် စစ်ကြောင်းသည် မတ်လ ၉ ရက် ၂၀၂၁ နေ့မှ စတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ယင်းမာပင်မြို့နယ်

#ဆားလင်းကြီးမြို့နယ်

#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း

#ချီတက်ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly