ပါကစ္စတန် ကရာချိမြို့၌ အခွင့်အရေးများ ပိတ်ပင်ခံထားရသည့် အမျိုးသမီး ၄ သန်းခန့်ရှိနေ

ပါကစ္စတန် ကရာချိမြို့၌ အခွင့်အရေးများ ပိတ်ပင်ခံထားရသည့် အမျိုးသမီး ၄ သန်းခန့်ရှိနေ

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ အမျိုးသမီးဦးရေ ၄ သန်းခန့်သည် စက်ရုံအလုပ်ရုံများ၌ စာချုပ်စနစ်ဖြင့် အလုပ်လုပ်နေကြရပြီး ၎င်းတို့၏ ရသင့်သော အခွင့်အရေးများကို အလုပ်ရှင်များဘက်က ပေးအပ်နေခြင်း မရှိကြောင်း အစ္စလမ္မစ် နိုင်ငံရေးပါတီ ဂျမတ်-အီ-အစ္စလမ်မီ (JI) ပါတီ၏ခေါင်းဆောင်တစ်ဦးဖြစ်သော ဟာဖစ် နာအီးမ်-အာ-ရာမန်က ပြောသည်။

ကရာချိမြို့နေပြည်သူတို့၏ မိခင်များ၊ အမ ညီမများနှင့် သမီးများသည် အခြေခံ သာယာအဆင်ပြေမှု အခွင့်အလမ်းများ ပိတ်ပင်ခံနေရကြောင်း JI ပါတီ တာဝန်ရှိသူ ဟာဖစ်က ပြောသည်။

နိုင်ငံတွင် အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲများကို ရံဖန်ရံခါ ကျင်းပနေသော်လည်း လက်တွေ့ကျသည့် မည်သည့်လုပ်ဆောင်ချက်ကိုမှ လုပ်ဆောင်ထားနိုင်ခြင်း မရှိဟု ကရာချိမြို့ အမျိုးသမီးရေးရာ ကွန်ဗန်းရှင်းတစ်ခု၌ မိန့်ခွန်းပြောစဉ် ဟာဖစ်က ပြောခဲ့သည်။

.ဂျမတ်-အီ-အစ္စလမ်မီ ပါတီအနေဖြင့် ဒေသန္တရအစိုးရ ရွေးကောက်ပွဲများ၌ မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ရရှိရန် မျှော်လင့်ကြောင်းနှင့် ထိုကဲ့သို့ ရရှိမှသာ လုံလောက်သည့် လုပ်ပိုင်ခွင့် ရလိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ဂျမတ်-အီ-အစ္စလမ်မီ ပါတီသာ အာဏာရပါက အမျိုးသမီးများကို အလေးထားမည် ဖြစ်သလို ၎င်းတို့၏ ပြဿနာများကိုလည်း ပြေလည်အောင် ဖြေရှင်းပေးမည်ဟု JI ပါတီ၏ ကရာချိဆိုင်ရာ ခေါင်းဆောင်က ပြောခဲ့ကြောင်း The Express Tribune မီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly