တရုတ်သူလျှိုကွန်ရက် ထူထောင်ရာတွင် ပါဝင်ပတ်သက်မှုဖြင့် ထိုင်ဝမ် အရာရှိနှစ်ဦးကို စွဲချက်တင်

တရုတ်သူလျှိုကွန်ရက် ထူထောင်ရာတွင် ပါဝင်ပတ်သက်မှုဖြင့် ထိုင်ဝမ် အရာရှိနှစ်ဦးကို စွဲချက်တင်

တရုတ်အတွက် သူလျှိုကွန်ရက် ထူထောင်ရာတွင် ပါဝင်ပတ်သက်မှု စွပ်စွဲချက်ဖြင့် ထိုင်ဝမ် အရာရှိကြီး ၂ဦးကို စွဲချက်တင်လိုက်သည်။

လေတပ်ဗိုလ်ချုပ်ဟောင်း ချန်ယောင်တန်နှင့် ဒု-ဗိုလ်မှူးကြီးဟောင်း ဝေဆန်းယိတို့သည့် အမျိုးသားလုံခြုံရေး အက်ဥပဒေချိုးဖောက်မှုဖြင့် တရားစွဲခံခဲ့ရကြောင်း တိုင်ပေခရိုင်အစိုးရရှေ့နေများရုံးက ဇွန် ၂၄ရက်တွင် ပြောကြားခဲ့ကြောင်း Focus Taiwan က ဖော်ပြခဲ့သည်။

အစိုးရရှေ့နေများ၏ အဆိုအရ ချန်နှင့် ဝေ သည် စီဟုခေါ်သည့် ဟောင်ကောင်အမျိုးသား စီကို ၂၀၁၉ခုနှစ်တွင် ဒုတိယကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ချန်ချီပင်အပါအဝင် အဆင့်မြင့် အရာရှိဟောင်း ၅ ဦးနှင့် မိတ်ဆက်ပေးခဲ့သည်။

စီသည် စီးပွားရေးသမားအဖြစ် ဟန်ဆောင်ကာ ထိုင်ဝမ်၏ စစ်ရေးနှင့် နိုင်ငံရေးအကြောင်း ထောက်လှမ်းရေး သတင်းများ စုဆောင်းကာ တန်ပြန်ထောက်လှမ်းရေး လုပ်ဆောင်ရန် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မ ရှင်က တည်ထောင်ထားသည့် တပ်ဦးအဖွဲ့အစည်းတစ်ခုအတွက် အမှန်တကယ် တာဝန်ထမ်းဆောင်နေ ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

စီ၏ သရုပ်မှန်ပေါ်လာမည်ကို ကြောက်သဖြင့် ၂၀၁၉ခုနှစ်တွင် ထိုင်ဝမ်သို့ လာရောက်လည်ပတ်မှု ရုတ်တရက် ရပ်ဆိုင်းသွားခဲ့သည်အထိ ချန်နှင့် ဝေသည် အငြိမ်းစားအရာရှိများနှင့် တွေ့ဆုံရေးအတွက် ဧည့်ခံပွဲများကို ဆက် လက်စီစဉ်ပြီး စီထံမှ လက်ဆောင်များရယူခဲ့သည်ဟု အစိုးရရှေ့နေများက ပြောကြားခဲ့ကြောင်း Focus Taiwan သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly