ဘုတလင်မြို့နယ်ရှိ ကတိုးကျေးရွာအား စစ်ကောင်စီ မီးရှို့ဖျက်ဆီး

ဘုတလင်မြို့နယ်ရှိ ကတိုးကျေးရွာအား စစ်ကောင်စီ မီးရှို့ဖျက်ဆီး

ဇူလိုင်လ ၂ ရက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကတိုးကျေးရွာအား ဇွန်လ ၂၉ ရက် ညနေ ၃ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကူတော်ရွာ၊ ကူတော်ရဲစခန်းမှ စစ်ကောင်စီ အင်အား ၃၀ ခန့်ထွက်လာပြီး ကတိုးကျေးရွာအားမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

မီးရှို့ဖျက်ဆီးမှုကြောင့် ကတိုးရွာမှ နေအိမ် ခုနစ်လုံးနှင့် စပါးကျီနှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

" တိုက်ပွဲဖြစ်လို့တော့မဟုတ်ဘူး။ ဟိုနေ့ကလက်နက်ကြီးနဲ့ သူတို့စခန်းကို ထုထားလို့မကျေနပ်လို့ ဝင်ရှို့တာ" ဟု ဘုတလင်အခြေစိုက် Golden Brothers အဖွဲ့တာဝန်ရှိသူက ပြောသည်။

ဇွန်လ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ကူတော်ရဲစခန်းအား ဒေသခံကာကွယ်ရေးတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကတိုးရွာသည် ဘုတလင်မြို့၏ အနောက်မြောက်ဘက် ရှစ်မိုင်ခန့်တွင်ရှိပြီး အိမ်ခြေ ၂၀၀ ခန့်ရှိကာ လူဦးရေ ၇၀၀ ကျော်နေထိုင်ပြီး ယခုအခါဒေသခံများအားလုံး ထွက်ပြေးတိမ်းရှောင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly