ယင်းမာပင်ရှိ NUG အခြေခံပညာအထက်တန်းကျောင်းတွင် မိုးရာသီအားကစားပြိုင်ပွဲကျင်းပ

ယင်းမာပင်ရှိ NUG အခြေခံပညာအထက်တန်းကျောင်းတွင် မိုးရာသီအားကစားပြိုင်ပွဲကျင်းပ

ဇူလိုင်လ ၂ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရွာတစ်ရွာရှိ အထက်တန်းကျောင်းတစ်ကျောင်း၌ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) စီစဉ် ဆောင်ရွက်သည့် ကြားကာလပညာသင်နှစ်အတွက် မိုးရာသီအားကစားပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဇွန်လ ၂၉ ရက်တွင် စတင်ကျင်းပသော မိုးရာသီအားကစားပွဲတွင် အာကစားနည်း ၁၀ မျိုးဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး အကအခုန်များဖြင့် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ယင်းအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမ အင်အား ၂၀ ကျော်မှ ကျောင်းသား၊ ကျောင်းသူ ဦးရေ ၂၀၀ ကျော် အား ပညာသင်ကြားပေးလျက်ရှိကြောင်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly