အိန္ဒိယက VL-SRSAM ဒုံးကျည်ကို ဩဒိရှ ကမ်းရိုးတန်းရှိ ရေတပ်သင်္ဘောမှ စမ်းသပ်ပစ်လွှတ်

အိန္ဒိယက VL-SRSAM ဒုံးကျည်ကို ဩဒိရှ ကမ်းရိုးတန်းရှိ ရေတပ်သင်္ဘောမှ စမ်းသပ်ပစ်လွှတ်

အိန္ဒိယရေတပ်က မြေပြင်မှ ဝေဟင်ပစ် VL-SRSAM ဒုံးကျည်ကို ဩဒိရှကမ်းရိုးတန်းရှိ စစ်သင်္ဘောမှ ဇွန် ၂၄ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့သည်။

‌“ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (DRDO) နှင့် အိန္ဒိယရေတပ်တို့က တာတိုပစ် VL-SRSAM ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည်” ဟု အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သင်္ဘောမှ ပစ်ခတ်ရသည့် VL-SRSAM ဒုံးကျည်စနစ်သည် လေကြောင်းမှ အနီးကပ်ဝင်ရောက်လာသည့် ခြိမ်းခြောက်မှုများကို ဟန့်တားနိုင်မည်ဖြစ်သည်။ ယခုစမ်းသပ်ပစ်ခတ်မှုတွင် မြန်နှုန်းမြင့် ပျံသန်းလာသည့် လေယာဉ်ပုံသဏ္ဍာန် ပစ်မှတ်အား တိကျမှန်ကန်စွာ ထိမှန်ခဲ့သည်။

‌ယခုစမ်းသပ်ပစ်ခတ်မှုကို DRDO နှင့် အိန္ဒိယရေတပ်မှ အကြီးတန်းအရာရှိများက စောင့်ကြည့်ခဲ့သည်။

‌ကာကွယ်ရေးဝန်ကြီးရာဂျာနသ်ဆင်းက အောင်မြင်စွာ စမ်းသပ်နိုင်ခြင်းအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများအား ချီးမွမ်းဂုဏ်ပြုခဲ့ပြီး ယခုဒုံးကျည်ဖြင့် အိနိ္ဒယရေတပ်သင်္ဘောများက လေကြောင်းအန္တရာယ်ကို ပိုမိုခုခံကာကွယ်နိုင် လာမည်ဖြစ်ကြောင်း ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly