ပါကစ္စတန်၌ ဆေးဝါးကုန်ကြမ်း အခွန်အကောက်များကို မရုပ်သိမ်းပါက ဆေးဝါးပြတ်လပ်မှု ဖြစ်နိုင်ဟု သတိပေး

By Tribune
01 July 2022
ပါကစ္စတန်၌ ဆေးဝါးကုန်ကြမ်း အခွန်အကောက်များကို မရုပ်သိမ်းပါက ဆေးဝါးပြတ်လပ်မှု ဖြစ်နိုင်ဟု သတိပေး

ပါကစ္စတန်နိုင်ငံတွင် ဆေးဝါးကုန်ကြမ်းများနှင့်ပတ်သက်ပြီး စည်းကြပ်ထားသည့် အခွန်အတုတ်များကို ရုပ်သိမ်းပေးရေး ပါကစ္စတန် ဆေးဝါးထုတ်လုပ်သူများအသင်း (PPMA) က အစိုးရကို တောင်းဆိုထားသည်။

နိုင်ငံတွင် အသက်ကယ်ဆေးဝါးများ အပါအဝင် ဆေးဝါးအမျိုးအစား ၄၀ ခန့် ရှားပါးပြတ်လပ်နေသလို အကယ်၍ ယခုတောင်းဆိုချက်ကို အစိုးရက လက်ခံခြင်း မရှိပါလျင် နောက်ထပ် ဆေးဝါးအမျိုးအစား ၁၀၀ ခန့် ရှားပါး ပြတ်လပ်မှု ဖြစ်လိမ့်မည်ဟု PPMA က သတိပေးသည်။

“ကျွန်တော်တို့ရဲ့ ဆေးဝါးကုန်ကြမ်းတွေအပေါ် ချမှတ်ထားတဲ့ အခွန်အကောက်တွေကို ရုပ်သိမ်းပေးပါ” ဟု PPMA ၏ ဥက္ကဋ္ဌ ကာဇီ မန်ဆော ဒီလာဝါက ဇွန် ၂၄ ရက် ပါလီမန်အဆောက်အအုံ၌ ဖက်ဒရယ်ဝန်ကြီးများနှင့် တွေ့ဆုံသည့် အစည်းအဝေးတစ်ခုတွင် တောင်းဆိုခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ပါကစ္စတန်အစိုးရဝန်ကြီးများဖြစ်ကြသည့် ခါရှီးဒ် ရှား၊ မစ်ဖ်တာ အစ္စမေးလ်၊ နာဗိဒ် ကာမာ၊ အေယက်ဇ် ဆာဒစ်နှင့် နာဇီအာ တာရာတို့အပြင် ဖက်ဒရယ် အခွန်ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌ အေဆင် အာမက်ဒ် တို့ တက်ရောက်ခဲ့ကြသည်။

နိုင်ငံ၏ ဆေးဝါးလုပ်ငန်း၌ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး PPMA ဥက္ကဋ္ဌက ဝန်ကြီးများကို အသိပေးပြောဆိုခဲ့သည်။ “ဆေးဝါးကုန်ကြမ်းတွေရဲ့ ဈေးနှုန်းတွေက ၃ဆကျော် တက်သွားခဲ့တယ်” ဟု ၎င်းက ပြောသည်။

ဆေးဝါးကုန်ကြမ်း တင်သွင်းမှုအပေါ် ရောင်းခွန်အဖြစ် ကောက်ခံထားသည့် ရူပီး ၄၈ ဘီလီယံကို ငွေပြန် ထုတ်ပေးရေး၊ ကုန်ကြမ်းတင်သွင်းမှုအပေါ် ရောင်းခွန် ၁၇ ရာခိုင်နှုန်း စည်းကြပ်မှုကို ပြန်ရုပ်သိမ်း ပေးရေးနှင့် နိုင်ငံ၏ ဆေးဝါးလုပ်ငန်း ပြိုလဲမှု မဖြစ်စေရန် ဆေးဝါးဈေးနှုန်းများကို ၂၅ ရာခိုင်နှုန်းအထိ
တိုးမြှင့်ရေး ဒီလာဝါက အစိုးရကို တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly