ပါကစ္စတန် ဆေးရုံတွင် ရန်ပြုတိုက်ခိုက်ခံခဲ့ရပြီး အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရကြောင်း ပက်ရှ်တွန်ခေါင်းဆောင် ပြော

By Zee5
01 July 2022
ပါကစ္စတန် ဆေးရုံတွင် ရန်ပြုတိုက်ခိုက်ခံခဲ့ရပြီး အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရကြောင်း ပက်ရှ်တွန်ခေါင်းဆောင် ပြော

ပါကစ္စတန်နိုင်ငံတွင် လူသိများသော ပက်ရှ်တွန်လူမျိုးစု ခေါင်းဆောင်တစ်ဦးဖြစ်သည့် အလီ ဝါဇီအာသည် ကရာချိမြို့ ဂျင်နာ ဘွဲ့လွန်ဆေးဘက်ဆိုင်ရာစင်တာ၌ တက်ရောက်နေစဉ် ဆေးရုံ၌ ၂ ကြိမ်တိုင်တိုင် ရန်မူတိုက်ခိုက်ခံခဲ့ရကြောင်းနှင့် ၎င်းသည် အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရကြောင်း ထုတ်ဖော်ပြော ဆိုခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

တောင်ပိုင်းဝါဇီရစ္စတန်ဒေသမှ ပက်ရှ်တွန် တဟာဖက်ဇ် လှုပ်ရှားမှုအုပ်စု (PTM) ၏ ဥပဒေပြုအမတ်တစ်ဦး ဖြစ်သည့် ဝါဇီအာသည် လက်ရှိတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု စွဲချက်များနှင့် ရင်ဆိုင်နေရပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ကတည်းက ကရာချိ ဗဟိုအကျဉ်းထောင်၌ အကျဉ်းကျနေခဲ့သည်။

၎င်းသည် ဆေးရုံ၌ နှစ်ကြိမ်တိုင်တိုင် ရန်မူတိုက်ခိုက်ခံခဲ့ရသည်ဟု ပြီးခဲ့သည့် ဇွန်လ ၂၂ ရက် ညပိုင်းက ဆေးရုံအပြင်ဘက်၌ PTM အဖွဲ့ဝင်များကို မိန့်ခွန်းပြောစဉ် ဝါဇီအာက ပြောသည်။

ဆေးရုံသို့ စရောက်သည့် ပထမဆုံးနေ့မှာပင် ပထမတစ်ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး ယင်းနောက် ဇွန် ၂၂ ရက်တွင် နောက်တစ်ကြိမ် တိုက်ခိုက်ခံခဲ့ရသည်ဟု ဝါဇီအာက ပြောသည်။

ရန်မူတိုက်ခိုက်မှုများနှင့် ကြုံခဲ့ရပြီးနောက် ၎င်းသည် ဘတ်ဂျက်အသုံးစရိတ်ဆိုင်ရာ အစည်းအဝေးတစ်ခု တက်ရောက်ရန် အစ္စလမ်မာဘတ်သို့ ရောက်ရှိနေသင့်ကြောင်း ပက်ရှ်တွန် ခေါင်းဆောင်က ပြောသည်။

“အမျိုးသားလွှတ်တော်မှာ ဘတ်ဂျက်အသုံးစရိတ် အစည်းအဝေး တက်ဖို့နဲ့ ကျွန်တော့် မဲဆန္ဒနယ်ရဲ့ ပြဿနာတွေကို တင်ပြဖို့ ကျွန်တော့်ကို အစ္စလမ်မာဘတ်ကို ခေါ်သွားပေးသင့်ပါတယ်” ဟု ဝါဇီအာက ပြောကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly