ဇူလိုင်လ ၁ ရက်
ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ဇွန်လ ၃၀ ရက်နေ့က စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ် (PDF) မဟာမိတ်တပ်ပေါင်းစုများကြား တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော်ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိထားသော စစ်ကောင်စီတပ်သားများကို PDF က ဆေးကုသမှုများပြုလုပ်ပေးပြီး ထိန်းသိမ်းထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်သည်။