တိဗက်သည် တရုတ်၏ အစိတ်အပိုင်း မဟုတ်ခဲ့ကြောင်း ၁၉၄၉ ခုနှစ်မတိုင်မီ တရားဝင် သမိုင်း မှတ်တမ်းများက ဖော်ပြနေ

By Tibet rights collective
30 June 2022
တိဗက်သည် တရုတ်၏ အစိတ်အပိုင်း မဟုတ်ခဲ့ကြောင်း ၁၉၄၉ ခုနှစ်မတိုင်မီ တရားဝင် သမိုင်း မှတ်တမ်းများက ဖော်ပြနေ

တရုတ်က ၁၉၅၀ ပြည့်နှစ်တွင်မကျူးကျော်မီက တိဗက်သည် တရုတ်၏ အစိတ်အပိုင်း မဟုတ်ခဲ့ကြောင်း ၁၉၄၉ ခုနှစ်မတိုင်မီ တရားဝင် သမိုင်းမှတ်တမ်းများတွင် တွေ့ရှိရသည်ဟု ဟောင်ကောင်မြို့တော် တက္ကသိုလ် အငြိမ်းစား ပါမောက္ခဟွန်ရှန်းလျှိုက ‘တိဗက်-- မဖြေရှင်းနိုင်သော ပဋိပက္ခကို ဖြေရှင်းရန် အတားအဆီးများ’ ဟူသည့် တရုတ်ကွန်ဂရက်လွှတ်တော် အမှုဆောင်ကော်မရှင် ကြားနာပွဲအတွက် ရေးသားထားသည့် သက်သေခံချက်တွင် ဖော်ပြထားသည်။

တရုတ်က နိုင်ငံပေါင်းစုံအဖွဲ့ချုပ်နှင့် ကုလသမဂ္ဂဆိုင်ရာ ပဋိညာဉ်များကို လက်မှတ်ရေးထိုးထားခြင်းကြောင့် ယခုတွေ့ရှိချက်သည် အရေးကြီးသော ကိစ္စရပ်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ၁၉၁၉ခုနှစ်ကတည်းက တရုတ်က စစ်ရေးအရ သိမ်းပိုက်ခြင်းမှတဆင့် နယ်မြေများရယူခြင်းမပြုရန် ကတိပြုခဲ့သည်။

ထို့ပြင် PRC က တရုတ်ကို ယင်းတို့၏ အတိတ် ကိုလိုနီသိမ်းပိုက်မှုများနှင့် “အနိုင်ကျင့်မှု” အတွက် အခြား နိုင်ငံများကို အဆက်မပြတ်ပြစ်တင်ရှုတ်ချခဲ့သည်။

၁၉၅၀ ပြည့်နှစ်တွင် တိဗက်သိမ်းပိုက်မှုကို ဖုံးကွယ်ထားရန် လိုအပ်သဖြင့် ရှေးယခင်ကတည်းက တရုတ်နိုင်ငံ ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော နယ်မြေနှင့် “ပေါင်းစည်းရေး” အတွက် သိမ်းပိုက်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု ဟွန်ရှန်း လျှိုက ပြောကြားခဲ့သည်။

ဝမ်းနည်းစရာမှာ ယနေ့ခေတ်တွင် အစိုးရများစွာသည် အဆိုပါ ရယ်စရာကောင်းသောလိမ်ညာမှုကို လွဲမှားစွာ ယုံကြည်ကြသောကြောင့် ယင်းသည် တိဗက်၏ အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲစေရန် အနောက် ဒီမိုကရေစီနိုင်ငံများစွာက လုံလောက်သော ပံ့ပိုးမှုမပေးနိုင်သည့် အကြောင်းရင်းတစ်စိတ် တစ်ပိုင်းဖြစ်သည်။
 
တိဗက်ကို အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်း PRC ၏ အထောက်အထားများသည် ပုံဖျက်ခြင်းသာမကဘဲ ပြတ်ပြတ်သားသား လုပ်ကြံဖန်တီးမှုများနှင့် ၁၉၄၉ခုနှစ်မတိုင်မီ တရုတ်မှတ်တမ်းများကို အတုအပပြု လုပ်ခြင်း များပေါ်တွင် အခြေခံထားကြောင်းလည်း ၎င်းက သက်သေပြခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ လက်ရှိအမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့် တရုတ်သည် ၁၉၅၀ ပြည့်နှစ်တွင် နိုင်ငံခြားတိုင်းပြည်တစ်ခုကို စစ်ရေးအရ သိမ်းပိုက်ခဲ့ပြီး ယနေ့အချိန်အထိ ဆက်လက်အုပ်ချုပ်လျက်ရှိသည်။

ယင်းရာဇဝတ်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းက တာဝန်ယူရန် ဝတ္တရာရှိကြောင်း အဆိုပါ သက်သေခံချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly