ရဲစခန်းအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ စစ်ကောင်စီတပ်သား ၆ ဉီးသေဆုံး

ရဲစခန်းအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ စစ်ကောင်စီတပ်သား ၆ ဉီးသေဆုံး

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်ရဲစခန်းအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဉီးသေဆုံးပြီး ဒဏ်ရာရရှိသူများ အများပြားရှိကြောင်း Black Dragon Special Task Force မှ ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ဇွန်လ ၂၈ ရက် ညနေ ၃ နာရီ ၃၀မိနစ်ခန့်တွင် ကူတော်ရဲစခန်းအတွင်းသို့ ၁၂၀ မမ ခြောက်လုံး၊ ၄၀ မမ လေးလုံး ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။ ၁၂၀ မမ သည် ကူတော်ရဲစခန်းရှိ ယာယီစခန်းအား ပစ်မှတ်ထား ပစ်ခတ်ခဲ့ပြီး ၄၀ မမ သည် ကင်းဝပ်သည့်နေရာများနှင့် ကောင်တာပြန်ပစ်နိုင်သည့်နေရာများသို့ ဉီးစားပေး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ၁၂၀ မမ ခြောက်လုံးအနက် သုံးလုံးသည် ရဲစခန်းအတွင်း ယာယီဆောက်လုပ်ထား သောအဆောက်အဉီးပေါ်သို့ ထိထိမိမိကျရောက်ခဲ့ပြီး စစ်ကောင်စီတပ်သား ခြောက်ဉီးသေဆုံးခဲ့ကာ ဒဏ်ရာရရှိသူများရှိကြောင်း ဆိုသည်။

အဆိုပါပစ်ခတ်မှုအား ကနောင် People's Defence Force နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဇွန်လ ၂၅ ရက်နေ့ကလည်း မုံရွာမြို့အထွက်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းသို့ အဖွဲ့သုံးဖွဲ့ ခွဲကာ ၁၂၀ မမ နှစ်လုံး ၊ ၉၀ မမ သုံးလုံနှင့် ၆၀ မမ ငါးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသေအပျောက်များ ရှိကြောင်း တပ်တွင်းနီးစပ်သူများထံမှပြန်လည်သိရှိရကြောင်း Black Dragon Special Task Force မှ ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required