ယင်းမာပင်မြို့နယ်တွင် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ယင်းမာပင်မြို့နယ်တွင် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ဇွန်လ ၃၀ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် နယ်မြေတွင်း မတည်ငြိမ်မှုများကြားမှ ပြည်သူလူထုအင်အားများစွာဖြင့် ယနေ့ ဇွန်လ ၃၀ရက်နေ့တွင် ချီတက် ဆန္ဒပြကြသည်။

“လူငယ်ဆိုတာ လွတ်လပ်မှုကို လိုလားတဲ့သူတွေဖြစ်တယ်။ စစ်အာဏာရှင်စနစ် တည်မြဲနေပါက လူငယ်တွေရဲ့လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေရမယ်။ ဒါကြောင့် လူငယ်တွေဟာ စစ်အာဏာရှင်စနစ်ကိုအပြီးတိုင် တိုက်ထုတ်နေကြတာပါ”ဟု သပိတ်ခေါင်းဆောင်က ဆိုသည်။

“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၂၅ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required