ဘဏ်ဆန္ဒပြမှုများကို ရပ်တန့်ရန် ကျန်းမာရေးကုဒ်များကို အလွဲသုံးစားလုပ်ခဲ့သည့် တရုတ်အရာရှိများကို အရေးယူ

ဘဏ်ဆန္ဒပြမှုများကို ရပ်တန့်ရန် ကျန်းမာရေးကုဒ်များကို အလွဲသုံးစားလုပ်ခဲ့သည့် တရုတ်အရာရှိများကို အရေးယူ

တရုတ်တွင် ဘဏ္ဍာရေးအရှုပ်တော်ပုံကြောင့် ဒုက္ခရောက်သူများ၏ ဆန္ဒပြမှုကို တားဆီးရန် ကျန်းမာရေး ကုဒ်စနစ်ကို အသုံးပြုခြင်းကြောင့် တရုတ်နိုင်ငံအလယ်ပိုင်း ဟိုင်နန်ပြည်နယ်၊ ကျန်ကျိုးမြို့၌ အရာရှိနှင့် အစိုးရ ဝန်ထမ်း ၅ ဦးထက်မနည်းကို အပြစ်ပေးအရေးယူလိုက်သည်။

မကြာသေးမီက မီဒီယာများ၏ ဖော်ပြချက်အရ ဟိုင်နန်ပြည်နယ်၏ မြို့တော် ကျန်ကျိုးတွင် အာဏာပိုင်များက ၎င်းတို့၏ ပြည်တွင်း ဘဏ်အပ်ငွေများကို ထိန်းချုပ်လိုက်ခြင်းကြောင့် ဒေါသထွက်နေကြသူများ၏ သွားလာ လှုပ်ရှားမှုကို ထိန်းချုပ်ရန် ကုဒ်လိုအပ်ချက်များကို အသုံးပြုခဲ့ကြောင်း Singapore Post သတင်းတွင် ဖော်ပြ ထားသည်။

ဇွန်လ ၂၂ရက် ထုတ်ပြန်ချက်တစ်ခုတွင် ကျန်ကျိုးမြို့စည်းကမ်းစစ်ဆေးရေးကော်မရှင်မှ လူပေါင်း ၁၃၁၇ ဦး အား အနီရောင်ကုဒ်များထုတ်ပြန်ခဲ့ပြီး ၎င်းတို့အား တရုတ်၏ တင်းကျပ်သော ကိုဗစ်ကင်းစင်ရေး မူဝါဒ အောက်တွင် ကျန်းမာရေးအန္တရာယ်ရှိသူများအဖြစ် အမှတ်အသားပြုခဲ့သည်။

လူမှုတည်ငြိမ်ရေးတာဝန်ခံနှင့် ဒေသန္တရနိုင်ငံရေးနှင့် ဥပဒေရေးရာကော်မတီ အဖွဲ့ဝင်တစ်ဦးနှင့် အပြောင်းအလဲ ပြုလုပ်ရန် အရေးကြီးသောအချက်အလက်များနှင့် ကျန်းမာရေးဆိုင်ရာ ကုဒ်များအတွက် တာဝန်ရှိသည့် ဝန်ထမ်းများနှင့် အပြစ်ရှိသောအရာရှိများက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူပေါင်း ၁၃၁၇ ဦး အား အနီရောင်ကုဒ်များထုတ်ပြန်ခဲ့ရာတွင် ကုဒ်များကို စစ်ဆေးခဲ့ပြီး ၈၇၁ ဦးကို ကျန်ကျိုးမြို့သို့ ခရီးမသွားရန် တားမြစ်ခဲ့သည်။ လူပေါင်း ၄၄၆ ဦးသည် မြို့သို့ရောက်ရှိလာပြီး မြို့တွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်။

ဇွန်လအစောပိုင်းတွင် တရုတ်အာဏာပိုင်များက ပြည်တွင်းပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုအား အွန်လိုင်း မှ တဆင့် အများပြည်သူရန်ပုံငွေများကို တရားမဝင်ဆွဲဆောင်ရန် ဘဏ်ဝန်ထမ်းများနှင့်ပူးပေါင်းသည်ဟု စွပ်စွဲကာ ဟိုင်နန်ပြည်နယ်ရှိ ကျေးလက်ဘဏ် ၄ ခုရှိ အပ်ငွေများကို ခေတ္တထိန်းချုပ်ထားခဲ့သည်။

ယွမ်ငွေ သန်းပေါင်းများစွာ အပ်နှံထားသည့် အကောင့်ပိုင်ရှင်များသည် ဆန္ဒပြရန် တရုတ်နိုင်ငံတစ်ဝန်းမှ ထွက်ခွာလာခဲ့ကြသည်။

အနီရောင်ကျန်းမာရေးကုဒ်များကြောင့် ၎င်းတို့ကို မြို့ထဲသို့ ဝင်ခွင့်မပေးခဲ့ဘဲ ရဲတပ်ဖွဲ့က ဟန့်တားခဲ့ပြီး အိမ်ပြန် ပို့ခဲ့သည်။

အနည်းဆုံး အရာရှိတစ်ဦးကို ထုတ်ပယ်ခဲ့ပြီး အခြားသူများကို ၎င်းတို့၏အမှားအတွက် ခေါ်ယူသတိပေးခံခဲ့ရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly