အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက မောရိရှဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေရန် ဆွေးနွေး

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက မောရိရှဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေရန် ဆွေးနွေး

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာသည် မောရိရှဝန်ကြီးချုပ် ပရာဗင်ဂျက်နော့နှင့် ဇွန် ၂၄ ရက်က ရဝမ်ဒါနိုင်ငံတွင် တွေ့ဆုံကာ နှစ်နို်ငငံအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

‌ဂျိုင်ရှန်ကာသည် ရဝမ်ဒါနိုင်ငံမြို့တော် ကီဂလီမြို့၌ ဇွန် ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပမည့် ၂၆ ကြိမ်မြောက် ဓနသဟာယနိုင်ငံအကြီးအကဲများ အစည်းအဝေး (CHOGM) ကို တက်ရောက်ရန် ရောက်ရှိနေစဉ် ယင်းကဲ့သို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

‌မောရိရှဝန်ကြီးချုပ် ဧပြီလအတွင်း အိန္ဒိယသို့ ရောက်ရှိခဲ့စဉ်ကလည်း နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုအား ကောင်းအောင် လုပ်ဆောင်ရန် ဂျိုင်ရှန်ကာက နယူးဒေလီမြို့တွင် တိုက်တွန်းခဲ့သည်။

မောရိရှဝန်ကြီးချုပ်သည် အဆိုပါခရီးစဉ်အတွင်း ဥတာပရာဒေ့ရှ်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

‌ဇန်နဝါရီ အစောပိုင်းကလည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် မောရိရှဝန်ကြီးချုပ်တို့သည် မောရိရှနိုင်ငံတွင် အိန္ဒိယက ပံ့ပိုးကူညီခဲ့သည့် လူမှုအိမ်ရာ စီမံကိန်းကို အွန်လိုင်းမှတစ်ဆင့် ဖွင့်လှစ်ပေးခဲ့သည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးရေးအကူအညီဖြင့် မောရိရှတွင် လုပ်ဆောင်သည့် အစိုးရဝန်ထမ်းကောလိပ်နှင့် ၈ မဂ္ဂါဝပ် နေရောင်ခြည်ဓာတ်အားသုံး PV Farm စီမံကိန်းကို ဖွင့်လှစ်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required