တရုတ်တွင် အပူချိန်မြင့်မားမှုနှင့် အပူလှိုင်းအတွက် အဝါရောင်သတိပေးချက် ထုတ်ပြန်

တရုတ်တွင် အပူချိန်မြင့်မားမှုနှင့် အပူလှိုင်းအတွက် အဝါရောင်သတိပေးချက် ထုတ်ပြန်

တရုတ်နိုင်ငံ နေရာအနှံ့အပြားတွင် အပူချိန်မြင့်မားမှုနှင့် အပူလှိုင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် အာဏာပိုင် များက ၂၉ ရက်တွင် အဝါရောင်သတိပေးချက် ထုတ်ပြန်လိုက်သည်။

မိုးလေဝသဌာနက ရှန်ရှီ၊ ရှန်းရှီး၊ စီချွမ်၊ ချုံချင့်၊ ဟဲနန်၊ အန်ဟွေး၊ ဟူပေ၊ ဟူနန်၊ ကျန်းရှီး၊ ကျဲ့ကျန်း၊ ဖူဂျီယန်၊ ကွမ်တုန်း၊ ဟိုင်နန်၊ ရှင်ကျန်းနှင့်အတွင်းမွန်ဂိုလီးယားတို့တွင် ဇွန်လ ၂၉ ရက်၌ စံချိန်တင်အပူချိန် ၃၅ ဒီဂရီမှ ၃၆ ဒီဂရီအထိ ရောက်ရှိမည်ဟု ခန့်မှန်းခဲ့သည်။

အဆိုပါဒေသများရှိ အချို့နေရာများတွင် အပူချိန်သည် ၃၉ ဒီဂရီ သို့မဟုတ် ၄၀ ဒီဂရီ စဲလ်စီးယပ်စ်အထိ ရောက်နိုင်ကြောင်းလည်း ခန့်မှန်းခဲ့ကြသည်။

တရုတ်နိုင်ငံတွင် ရာသီဥတုသတိပေးစနစ်ကို အရောင် ၄ ရောင်ဖြင့် အဆင့်သတ်မှတ်ထားပြီး အနီရောင်က အဆိုးရွားဆုံး သတိပေးချက်ဖြစ်ကာ ၎င်းနောက်တွင် လိမ္မော်ရောင်၊ အဝါရောင်နှင့် အပြာရောင်တို့ရှိသည်။

တရုတ်နိုင်ငံ မိုးလေဝသဌာနသည် နိုင်ငံအနှံ့အပြားတွင် မိုးသက်မုန်တိုင်း အဝါရောင်သတိပေးချက်ကို ဇွန် ၂၇ ရက်မနက်ပိုင်းက သက်တမ်းထပ်တိုးခဲ့သည်။

ကျန်းရှီးပြည်နယ်တွင် ဇွန် ၂၁ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၅၄၈ ၀၀၀ ခန့်အပေါ် သက်ရောက်မှုရှိခဲ့ကြောင်း ပြည်နယ်ရေဘေးထိန်းချုပ်ရေးဌာနကပြောသည်။

လာမည့်သီတင်းပတ်တွင်လည်း ပြည်နယ်တွင်း၌ မိုးသက်မုန်တိုင်းများ ထပ်မံဖြစ်ပွားနိုင်ကြောင်း ဒေသတွင်းမိုးလေဝသဌာနက ခန့်မှန်းထားသည်။

ဒေသအာဏာပိုင်များအဆိုအရ မေလ ၂၈ ရက်နောက်ပိုင်း မိုးသည်းထန်မှုနှင့် မိုးကြောင့်ဖြစ်သော ရေကြီးရေလျှံမှုကြောင့် ပြည်နယ်အတွင်းရှိ ကောင်တီပေါင်း ၈၀ တွင် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly