စစ်ကောင်စီ၏ တိုက်လေယာဉ်နှင့် ငှက် တိုက်မိတယ်ဆိုသည့် ပုံအမှား

စစ်ကောင်စီ၏ တိုက်လေယာဉ်နှင့် ငှက် တိုက်မိတယ်ဆိုသည့် ပုံအမှား

ဇွန် ၃၀

စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စင်းနှင့် ငှက်တစ်ကောင် တိုက်မိခဲ့သည်ဆိုသည့် ဓာတ်ပုံတစ်ပုံ ဇွန်လ ၂၉ ရက် ညနေပိုင်းမှစ၍ ဖေ့စ်ဘုတ်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။

အဆိုပါဓာတ်ပုံမှာ အမေရိကန်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အဟောင်းတစ်ခုမှပုံကို အသုံးပြုဖြန့်ဝေနေ ခြင်းသာဖြစ်သည်။

“Ei Ei Mon” အမည်ရှိ ဖေ့စ်ဘုတ်အကောင့်တစ်ခုမှ “သူပေါ့ PDF ငှက်လေး” ဟု (မူရင်းအရေးအသား) ရေးကာ လေယာဉ်ဘီးအနီးတွင် ငှက်တစ်ကောင်ညပ်နေသည့်ပုံ ထည့်သွင်းဖော်ပြထားသည်။ ၎င်း၏ရေး သားဖော်ပြချက်တွင် မည်သည့်နေရာ မည်သည့်အချိန်တွင်ဖြစ်ပွားခဲ့သည်ကို ထည့်သွင်းရေးသားဖော်ပြ ထားခြင်းလည်း မရှိချေ။

ယင်းပို့စ်အား ကြိုက်နှစ်သက်သူ ၂,၀၀၀ အထိရှိခဲ့ပြီး ပြန်လည်မျှဝေသူ ၂၀၀ နီးပါးရှိခဲ့သည်။ အခြားသော ဖေ့စ်ဘုတ်အကောင့်များကလည်း အဆိုပါ သတင်းနှင့်ဓာတ်ပုံကို ပြန်လည်ကူးယူကာ ထပ်ဆင့်ဖော်ပြခဲ့ ကြသည်။

ဥကရစ်ထစခန်းအား ဗုံးကျဲပြန်လာသော စစ်ကောင်စီတိုက်လေယာဉ်အင်ဂျင်ထဲငှက်ဝင်၍ သုံးမရသည် အထိပျက်စီးသွားသည့် သတင်းပျံ့နှံ့ပြီးနောက်ပိုင်း အဆိုပါပုံကိုဖြန့်ဝေလာခြင်းဖြစ်သည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများက အဆိုပါပုံ၏ရာဇဝင်ကို ဓာတ်ပုံစစ်ဆေးသည့်ဝက်ဘ်ဆိုက်များ ဖြစ်သည့် Google image search , Yandex, TinEye နှင့် Bing အစရှိသည်တို့တွင်ရှာဖွေခဲ့သည်။

တွေ့ရှိချက်များအရ ထိုဝက်ဘ်ဆိုက်မှအဖြေများသည် AirForceTimes ဝက်ဘ်ဆိုက်မှ ၂၀၁၉ ခုနှစ် မေလ ၂၃ ရက်နေ့က F 16 တိုက်လေယာဉ်အမျိုးအစားကို သိမ်းငှက်တစ်ကောင်ဝင်တိုက်ခဲ့သည့် သတင်းတွင် အသုံးပြုထားသောဓာတ်ပုံဖြစ်ကြောင်း တညီတညွှတ်တည်း ဖော်ပြသည်။

ဖော်ြပပါ https://www.airforcetimes.com/news/your-air-force/2019/05/23/this-is-the-hefty-toll-bird-strikes-have-inflicted-on-the-air-force-since-1995/  လင့်တွင် သွားရောက်ဖတ်ရှုနိုင်သည်။

ထို့အပြင် လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပေ။

ထို့ကြောင့် Ei Ei Mon ၏ လေယာဉ်ဘီးကြား ငှက်ညပ်နေသည့်ပုံသည် အခြားနိုင်ငံမှပုံဟောင်းကိုအသုံးပြု ၍ ယခုဖြစ်ပျက်နေသည့် အဖြစ်အပျက်များသဖွယ်ဖြန့်ဝေနေသည့် သတင်းတုတစ်ခုသာဖြစ်သည်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီတပ်အခြေစိုက်ရာ ဥကရစ်ထစခန်းအား ကရင် အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) ဦးဆောင်သည့် မဟာမိတ်တပ်များက ဇွန် ၂၆ ရက်တွင် စတင်၍ ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နှင့်အတူ  ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၊ ကရင်ပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် ( PDF) များ ပူးပေါင်းကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့အပါအဝင် လေးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း ကရင်ပြည်နယ်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် KIC သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းပစ်ကူယူကာ တိုက်နေရခြင်းလည်းဖြစ်သည်။ ထိုသို့ လေ ကြောင်းပစ်ကူယူရာတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စင်း ငှက်နှင့်တိုက်မိကာပျက်စီးခဲ့သည်ဆို သည့်ဓာတ်ပုံအဟောင်းနှင့်အတူ သတင်းများ ဖေ့စ်ဘုတ်ပေါ်တွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required