ကုလလူ့အခွင့်အရေးကောင်စီ၌ တရုတ်၏ဝါဒဖြန့်မှုနှင့် အဖွဲ့ခေါင်းဆောင်၏ အရှက်ရဖွယ် ရှင်ကျန်းဒေသခရီးစဉ်

ကုလလူ့အခွင့်အရေးကောင်စီ၌ တရုတ်၏ဝါဒဖြန့်မှုနှင့် အဖွဲ့ခေါင်းဆောင်၏ အရှက်ရဖွယ် ရှင်ကျန်းဒေသခရီးစဉ်

တရုတ်နိုင်ငံသည် ပြီးခဲ့သောလက ဖြစ်စဉ်များစွာအနက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အထူးသဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးကော်စီ (UNHRC) ကို လှည့်စားနိုင်ခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး မီချဲလ်ဘက်ချလက်၏ အငြင်းပွားဖွယ်နှင့်ရှက်ဖွယ်ဖြစ်သော မေ ၂၃ မှ ၂၈ ရက်အထိ တရုတ်ခရီးစဉ်ကို တရုတ်အစိုးရ၏ ဝါဒဖြန့်ထိန်းချုပ်မှုဟု အများက သတ်မှတ်ထားကြသည်။

ပြီးခဲ့သည့် ၄ နှစ်အတွင်း နှောင့်နှေးမှုများစွာ ဖြစ်ခဲ့ရပြီး ဘက်ချလက်သည် ဝီဂါ၊ ကာဇက်နှင့် တခြားတာကစ်မွတ်စလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်ပြီး ပုံရိပ်အစစ်အမှန်ကို ရနိုင် ရန် ရှင်ကျန်းဝီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (XUAR) သို့ သွားရန် ရှားရှားပါးပါး အခွင့်အရေးရခဲ့သည်။ ဘက်ချလက်နှင့် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR) အဖွဲ့သည် ကွမ်တုန်းနှင့် ရှင်ကျန်းသို့ ၆ ရက်ခရီး သွားရောက် ခဲ့သည်။

ဘက်ချလက်က ရှင်ကျန်းရှိ မွတ်စလင်လူနည်းစုအပေါ် တရုတ်၏ ပြုမူဆက်ဆံပုံကို အပြစ်မရှိလုနီးပါး ပြောဆိုခဲ့သည့်အတွက် ကုလသမဂ္ဂလူ့အခွင့်အရးကောင်စီ၊ နိုင်ငံတကာအသိုက်အဝန်းနှင့် ကမ္ဘာတစ်ဝန်းရှိ လူ့အခွင့်အရေးအဖွဲ့များကို တုန်လှုပ်စေခဲ့သည်။ ၆ ရက်တာ တရုတ်ခရီးစဉ်နောက်ဆုံးရက်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ဘက်ချလက်က အသက်မွေးဝမ်းကျောင်းပညာရေးနှင့်လေ့ကျင့်ရေးစင်တာဟူသော စကားရပ်အပါအဝင် တရုတ်ကို အလေးပေးသည့် အသုံးအနှုန်းကို အသုံးပြုခြင်းဖြင့် တရုတ်ဝါဒဖြန့်မှုကို သံယောင်လိုက်ခဲ့သည်။

အသက်မွေးဝမ်းကျောင်းပညာရေးနှင့်လေ့ကျင့်ရေးစင်တာဟူသော စကားရပ်သည် ခန့်မှန်းခြေ ဝီဂါ ၁ သန်းခန့်ကို ထိန်းသိမ်းပြီးလူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်သည့် အဆောက်အအုံကွန်ရက်အတွက် တရုတ်အစိုးရအသုံးပြုသော အသုံးအနှုန်းဖြစ်သည်။ 

ထို့ပြင် ဘက်ချလက်က သူမ၏ ခရီးစဉ်သည် ရှင်ကျန်းရှိ ဝီဂါများအပေါ် တရုတ်ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးသည့် ခရီးစဉ် မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

သူမ၏ ဦးဆောင်မှုအောက်၌ UNHRC သည် မျှော်လင့်ချက်များစွာထားသည့် ရှင်ကျန်း လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာကို ၂၀၁၈ ခုနှစ် စက်တင်ဘာမှ ယခုအချိန်အထိ ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။

အစီရင်ခံစာမထုတ်ပြန်နိုင်ခြင်းသည် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးအဖွဲ့များအပေါ် တရုတ်နိုင်ငံ၏ သြဇာအာဏာ တိုးမြင့်လာမှုလက္ခဏာတစ်ရပ်လည်း ဖြစ်သည်။

တရုတ်သည် ၎င်း၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းလိုသည့်အခါတိုင်း အကျိုးအမြတ်အတွက် ကုလသမဂ္ဂ အဖွဲ့များကို အသုံးချနေကြောင်း ဘက်ချလက်၏ခရီးစဉ်က ဥပမာတစ်ခုဖြစ်သည်။

အဆိုပါခရီးစဉ်သည် အနာဂတ် တွင် လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ စွပ်စွဲခံရတိုင်း တရုတ်အစိုးရအတွက် အသုံးချရန် လိုအပ်သော ဝါဒဖြန့်ပစ္စည်းကို ပေးအပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly