သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက် ကျဆုံးမှုရှိ

By ကိုရွှေမြိတ်
29 June 2022
သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက် ကျဆုံးမှုရှိ

သရက်ချောင်း၊ဇွန်လ(၂၉)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကဇီရွာမှကျောက်ဖြူရွာဘက်သို့ အင်အား ၅၀ ခန့် ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ဇွန်လ ၂၄ ရက်နေ့က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင် ရေးအဖွဲ့ (TYC-PDF) ထံမှသိရသည်။

နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ လေးဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ PDF ဘက်မှလည်း နှစ်ဦးကျဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ (TYC-PDF) အဖွဲ့ ထုတ်ပြန်ချင်တွင် ဖော်ပြထားသည်။

“အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ဖို့ကြိုးစားပေမယ့် နယ်မြေဒေသအခြေအနေအရရယ် ပြီးတော့ စစ်ကြောင်းပြန်ဆုတ်နေတဲ့အတိုင်းအတာအရရော အင်တာနက်လိုင်းတွေဖြတ်ထားလို့ သတင်းထုတ်ပြန် တာ နောက်ကျသွားတာပါ”ဟု ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ 60 MM လက်နက်ကြီးသုံးလုံးကိုလည်း သိမ်းဆည်းရမိခဲ့ ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူကပြောသည်။

တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်က ကျောက်ဖြူရွာနှင့်လောင်းမင်းဘရွာတို့၌ ထပ်မံတပ်စွဲထားကာ နေအိမ်သုံးလုံး၊ စပါးကျီးသုံးလုံးနှင့် ဝက်နှစ်ကောင်ကို မီးရှို့ဖျက်ဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့များ ဆုတ်ခွာရာလမ်းတစ်လျှောက်တွင် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်သော ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ (TYC - PDF) ၊ Dawei Southern Defense Force ၊ People Defense Guerrilla Force ( TYC) ၊ Fighting For Freedom Force(ထားဝယ်ပကဖ)၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦးတို့ပါဝင်သည့် ပူးပေါင်း မဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ကထီးဝရွာနှင့် စော်ဖျားရွာကြားတွင် တစ်ကြိမ်၊ မိုးရွှေကုန်းရွာတွင် တစ်ကြိမ် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်းစီတပ်သား ၁၀ ဦးသေဆုံးပြီး ခုနစ်ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ပူးပေါင်းအဖွဲ့များထံမှ သိရသည်။

#Mizzima

#တနင်္သာရီတိုင်း

#သရက်ချောင်းမြို့နယ်

#ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့

#TYC-PDF

#တိုက်ပွဲဖြစ်ပွား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required