ပါကစ္စတန် ဆင်ဓီလူမျိုးစုဝင်များ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကို ကုလလူ့အခွင့်အရေးကောင်စီ၌ တင်ပြ

ပါကစ္စတန် ဆင်ဓီလူမျိုးစုဝင်များ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကို ကုလလူ့အခွင့်အရေးကောင်စီ၌ တင်ပြ

ပါကစ္စတန်နိုင်ငံတွင် ဆင်ဓီ လူမျိုးစုဝင်များအပေါ် ကျူးလွန်သော ရုန့်ရင်းရိုင်းစိုင်းသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ပေးရေး ကမ္ဘာ့ဆင်ဓီ ကွန်ဂရက် (WSC) အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူအေဆစ်ဖ် ပန်ဟာက ဂျီနီဗာ၌ ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ၏ အကြိမ် ၅၀ မြောက် အစည်းအဝေးအတွင်း တိုက်တွန်းလိုက်သည်။

ထို့ပြင် ဆင်ဓီ လူမျိုးတို့၏ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့ခွင့်တို့ကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် လုပ်ဆောင်ပေးရေး ၎င်းက ကောင်စီကို တိုက်တွန်းခဲ့သည်။

ပါကစ္စတန်တွင် လူစုဝေးမှုများ၌ ငြိမ်းချမ်းစွာ ပါဝင်ခဲ့သူများ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များကိုလည်း ပန်ဟာက ဇွန် ၁၇ ရက် UNHRC ၏ အစည်းအဝေးအတွင်း တင်ပြပြောဆိုခဲ့သည်။

ဆင်ဓီ အမျိုးသားရေး လှုပ်ရှားမှုကို စတင်ခဲ့သူ ဂျီအမ် ဆိုင်ယက်ဒ် ကွယ်လွန်မှု ၂၇ နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့တွင် ချီးကျူးဂုဏ်ပြုပွဲ တက်ရောက်ခဲ့ကြသူများကို ပါကစ္စတန်ရဲများက အနှောက်အယှက်ဒုက္ခပေးခဲ့ပုံကို WSC အဖွဲ့ဝင် ပန်ဟာက အလေးပေး ထုတ်ဖော်ခဲ့သည်။

“ပါကစ္စတန်မှာ ဆင်းဒ်ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ စုဝေးမှုနဲ့ အသင်းအဖွဲ့ ဖွဲ့စည်းမှုတို့ရဲ့ လွတ်လပ်ခွင့်တွေ အပြင်းအထန် တိုက်ခိုက်ခံနေရတာကို အာရုံစိုက်ပေးစေချင်ပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်က ဂျီအမ် ဆိုင်ယက်ဒ်ကို ချီးကျူးဂုဏ်ပြုဖို့ သွားခဲ့ကြတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် လူပေါင်းရာနဲ့ချီကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးအေဂျင်စီတွေက အကြမ်းဖက်ခဲ့ပြီး အရှက်တကွဲဖြစ်အောင် လုပ်ခဲ့ကြပါတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly