ကြွေးမြီလျော့ကျစေရန် ပါကစ္စတန်က ဂီဂစ်-ဘောလ်တီစတန်ဒေသကို တရုတ်ထံ အငှားချသွားနိုင်ဟု ဆို

By The Print
28 June 2022
ကြွေးမြီလျော့ကျစေရန် ပါကစ္စတန်က ဂီဂစ်-ဘောလ်တီစတန်ဒေသကို တရုတ်ထံ အငှားချသွားနိုင်ဟု ဆို

ပါကစ္စတန်အစိုးရသည် တစ်စတစ်စတိုးလာနေသော ကြွေးမြီများကို ပေးဆပ်နိုင်ရန်အလို့ငှာ ကက်ရှ်မီးယားဒေသ (PoK) နယ်မြေတစ်ခုဖြစ်သည့် ဂီဂစ်-ဘောလ်တီစတန် (GB) ဒေသကို တရုတ်ထံ အငှားချပေးသွားနိုင်သည်ဟု သိရသည်။

သီးခြားအထီးကျန်စွာ တည်ရှိပြီး ပစ်ပယ်ခံထားရသည့် ဂီဂစ်-ဘောလ်တီစတန်ဒေသသည် အနာဂတ်ကာလတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ အပြိုင်အဆိုင် ယှဉ်ပြိုင်ကြမည့် စစ်မြေပြင်တစ်ခု ဖြစ်သွားနိုင်သည့်အပေါ် စိုးရိမ် ပူပန်ကြောင်း ကာရာကိုရမ် အမျိုးသားရေးလှုပ်ရှားမှုအဖွဲ့၏ ဥက္ကဋ္ဌ မမ်တက်ဇ် နာဂရီက ထုတ်ဖော်ခဲ့ကြောင်း Al Arabiya Post က ဖော်ပြသည်။

ဂီဂစ်-ဘောလ်တီစတန်သည် တရုတ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကက်ရှ်မီးယား၏ မြောက်ပိုင်းစွန်း အစိတ်အပိုင်း ဖြစ်သည်။

ပါကစ္စတန်အနေဖြင့် ဂီဂစ်-ဘောလ်တီစတန်ကို တရုတ်ထံ ပေးအပ်ကောင်းပေးအပ်သွားနိုင်သည်ဆိုပြီး နာဂရီက ၎င်း၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ထားသည်။

လက်ရှိတွင် နာဂရီသည် ဒေသခံပြည်သူများကို စိတ်ခွန်အားတက်ကြွစေရန် လှုံ့ဆော်တိုက်တွန်းလျက်ရှိပြီး ပါကစ္စတန် ထောက်လှမ်းရေး (ISI) ကို မကြောက်ကြရန်နှင့် အကျဉ်းထောင်ထဲ သွားရန် အသင့်ရှိကြရန် တိုက်တွန်းထားကြောင်း ပါကစ္စတန် ပြည်တွင်း မီဒီယာများက ဖော်ပြသည်။

အကယ်၍ ပါကစ္စတန်အနေဖြင့် တရားမဝင် သိမ်းပိုက်ထားသည့် ဂီဂစ်-ဘောလ်တီစတန်ကိုသာ တရုတ်ထံ အငှားချ ပေးအပ်မည်ဆိုပါက ယင်းသည် တရုတ်၏ တောင်အာရှဆိုင်ရာ ချဲ့ထွင်မှုအတွက် အကျိုးအမြတ်တစ်ခု ဖြစ်သွားစေလိမ့်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly