လူရွှင်တော်အီကြာကွေး ဥကရစ်ထတိုက်ပွဲအတွင်း လေယာဥ်ပစ်ခတ်မှုကြောင့် ကျဆုံး

လူရွှင်တော်အီကြာကွေး ဥကရစ်ထတိုက်ပွဲအတွင်း လေယာဥ်ပစ်ခတ်မှုကြောင့် ကျဆုံး

ဇွန် ၂၉

မြဝတီခရိုင် ဝေါလေမြိုင်ဒေသ ဥကရစ်ထတိုက်ပွဲတွင် ဇွန်လ၂၈ရက်နေ့ ညနေ၌ စစ်ကောင်စီ၏ လေယာဥ်ပစ်ခတ်မှုကြောင့် KNDOအထူးကွန်မန်ဒို တပ်ရင်းမှ လူရွှင်တော်အီကြာကွေး ကျဆုံးခဲ့ကြောင်း သိရသည်။

"အီကြာကွေးလေးက အရမ်းတက်ကြွတာ ကျမတို့ထဲ သူက အအေးဆုံး အဲ့ကလေးက အရမ်းလိမ္မာတာ၊ တစ်ခေါက်က ရှေ့တန်းသွားတာ မလိုက်ရလို့ဆိုလို့ ဒေါသတွေ ထွက်နေတာ ဒီတစ်ခေါက် မရရအောင်လိုက်မယ် ငါ့သားနောက်တစ်ခါ တောင်းမလိုက်နဲ့လို့ သေချာပြောတယ်"ဟု KNDOအထူးကွန်မန်ဒိုတပ်ရင်း တပ်ခွဲ (၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် လူရွှင်တော်အီကြာကွေးသည် အကိုဖြစ်သူ ပလာတာနှင့် ရန်ကုန်မြို့ ဆန္ဒပြပွဲများတွင် ပါဝင်လာခဲ့ပြီးနောက် လွတ်မြောက်နယ်ကိုရောက်ရှိလာကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ရင်း စစ်အာဏာရှင်ကို တိုက်ထုတ်နေသူ တစ်ဦးဖြစ်သည်။

ဇွန်လ၂၅ရက်နေ့မှ စတင်ပြီး ဝေါလေမြိုင်ဒေသ ဥကရစ်ထစစ်ကောင်စီစခန်းကို KNDO, KNLA, PDFပူးပေါင်းတပ်ဖွဲ့မှ စခန်းသိမ်းတိုက်ပွဲ တိုက်ခိုက်နေပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိကာ တိုက်ပွဲပြင်းထန်လျှက်ရှိသည်။

#mizzima

#ဝေါလေမြိုင်ဒေသ

#ဥကရစ်ထ

#ထိခိုက်ကျဆုံးမှုများ

#အီကြာကွေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly