ချောင်းဦးမြို့နယ် ကန်ကြီးတော ကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၂ဝခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

By လွှမ်းမိုး
29 June 2022
ချောင်းဦးမြို့နယ် ကန်ကြီးတော ကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၂ဝခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်း

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ယာကြီးတော ကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၂ဝ ခန့် ကို စစ်ကောင်စီတပ်က ဇွန်လ ၂၈ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မီးရှို့ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ယာကြီးတော ကျေးရွာကို မီးရှို့ဖျက်ဆီးသည်မှာ ငါးကြိမ်မြောက် ဖြစ်သည်။ ယင်း ငါးကြိမ်မြောက်အတွင်း ပြည်သူပိုင်နေအိမ် ၆ဝ ခန့်အထိ မီးထဲပါသွားကြောင်း ဒေသခံပြည်သူတစ်ဦးက ဆိုသည် ။

" ကံကြီးမ ကျေးရွာက ပျူစောထီး နှင့် စစ်ကောင်စီတပ်တွေက လာပြီး မနေ့က နံနက်ပိုင်း ၉ နာရီလောက်မှာ မီးရှို့ သွားတယ်ဗျ ၊ ယာကြီးတော ကျေးရွာက ပျူရွာဖြစ်တဲ့ ကံကြီးရွာနဲ့က ကပ်လျက်ဆိုတော့ ရွာမှာလည်း မနေရဲကြတာ တော်တော်လေး ကြာနေပါပြီဗျ ၊ ယခု ငါးကြိမ်မြောက် အထိတော့ အိမ်ခြေ ၆ဝ ထိ မီးလောက်ပြာကျသွားကြောင်း " ဒေသခံ ပြည်သူတစ်ဦးက ဆိုသည်။

ချောင်းဦးမြို့နယ်ရှိ ကျေးရွာများ ဖြစ်သည့် ရွှေလေ ၊ အင်းမ ၊ ရှမ်းထီး ၊ ယာကြီးတော နှင့် ဆီပန်းကန် ကျေးရွာများမှ လူဦးရေ ငါးထောင် ကျော် ခန့်သည် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ ရန်မှ ရှောင်နေရကြောင်း သိရသည်။

#mizzima

#ချောင်းဦးမြို့နယ်

#ပျူစောထီးများ

#စစ်ကောင်စီတပ်

#မီးလောက်ပြာကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly