ထိုင်ဝမ် တာဝန်ရှိသူများက တရုတ်သို့ ဆီမီးကွန်ဒတ်တာ ချစ်ပ်များ ရောင်းချမှုကို လျှော့ချရန် အဆိုပြု

ထိုင်ဝမ် တာဝန်ရှိသူများက တရုတ်သို့ ဆီမီးကွန်ဒတ်တာ ချစ်ပ်များ ရောင်းချမှုကို လျှော့ချရန် အဆိုပြု

ထိုင်ဝမ်၏ စိုက်ပျိုးရေးနှင့် ရေထွက်ကုန် ထုတ်ကုန်များအပေါ် တရုတ်၏ တားမြစ်ချက်ကို တုံ့ပြန်ရန် ထိုင်ဝမ် တာဝန်ရှိသူများက တရုတ်သို့ ဆီမီးကွန်ဒတ်တာ ချစ်ပ်များ ရောင်းချမှုကို လျှော့ချရန် အဆိုပြုခဲ့သည်။

တရုတ်က ထိုင်ဝမ်၏ စိုက်ပျိုးရေးနှင့် ရေထွက်ပစ္စည်း တင်သွင်းမှုကို ဆက်တိုက် ပိတ်ပင်ထားကြောင်း Radio Free Asia က ဖော်ပြသည်။

ဂျီနီဗာမြို့တွင် ကျင်းပသည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ဝန်ကြီးအဆင့် အစည်းအဝေးကို တက်ရောက် ခဲ့တဲ့ ထိုင်ဝမ်အစိုးရအဖွဲ့၏ နိုင်ငံရေးအရာရှိ ဒန်ကျန်းကျုံက ထိုင်ဝမ်၏ အကြီးမားဆုံး လက်နက်က တရုတ်ကို ချစ်ပ်ပြားတင်ပို့မှု လျှော့ချရေးဖြစ်ကြောင်း တုံ့ပြန်မည်အစီအစဉ်ကို အဆိုပြုခဲ့သည်။

ယင်းလှုပ်ရှားမှုသည် တရုတ်၏ စမတ်ဖုန်းများနှင့် လျှပ်စစ်ကားများကို အကျိုးသက်ရောက် စေမည်ဟု ထောက်ပြထားသော်လည်း ဥရောပ၊ အမေရိကနှင့် ဂျပန်တို့ကို တင်ပို့ရန် စံချိန်စံညွှန်းပြည့်မီစေရန် ထိုင်ဝမ်၏ စိုက်ပျိုးရေးနှင့် ရေထွက်ပစ္စည်းစက်မှုလုပ်ငန်းများ၏ ပို့ကုန်တည်ဆောက်ပုံကို ချိန်ညှိရန် အာရုံစိုက်သင့်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

တရားဝင်အချက်အလက်ကို ကိုးကား၍ အစီရင်ခံစာများအရ ထိုင်ဝမ်သည် ၂၀၂၁ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၁၈ ဘီလီယံဖိုး တင်ပို့ခဲ့ပြီး အဆင့်မြင့်ချစ်ပ်များတွင် ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးထား သည်။

သို့သော်လည်း တရုတ်သတင်းထောက်အချို့က တရုတ်ဈေးကွက်ဝေစုကို အခြားနိုင်ငံများက သဘာဝအတိုင်း ဖြည့်ဆည်းသွားမည်ဖြစ်သဖြင့် ထိုင်ဝမ်သာ ကျဆုံးသွားမည်ဖြစ်ကြောင်း Radio Free Asia သတင်းတွင် ဖော်ပြ ထားသည်။

မကြာသေးမီက တရုတ်ထုတ်လုပ်ရေးကုမ္ပဏီများက ထိုင်ဝမ်ရှိ ပျမ်းမျှလစာနှင့် ဆုကြေးများထက် လစာ ၂ ဆ၊ ၂ဆခွဲဖြင့် ထိုင်ဝမ်မှ အရည်အချင်းရှိသူများကို ခေါ်ယူနေခဲ့ပြီး ယင်းသည် ထိုင်ဝမ်မှ ကျွမ်းကျင်သူများကို ဆွဲဆောင်ရန် လှည့်ကွက်အသစ်တစ်ခုဖြစ်ကြောင်း သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

Taiwan Semiconductor Manufacturing Company (TSMC) မှ အတွေ့အကြုံရှိသော အင်ဂျင်နီယာနှင့် မန်နေဂျာ ၁၀ဝ ကျော်ကို ၂၀၁၉ခုနှစ်နှင့် ၂၀၂၀ပြည့်နှစ်များတွင် တရုတ်ရှိ ပုံလောင်းစက်ရုံများသို့ ရွှေ့ပြောင်းခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly