ဥကရစ်ထတိုက်ပွဲတွင် စစ်ကောင်စီတပ်၊ BGF နှင့်အတူ DKBA ဝတ်စုံများဖြင့် ပူးပေါင်းတိုက်ခိုက်မှုများ ရှိနေ

ဥကရစ်ထတိုက်ပွဲတွင် စစ်ကောင်စီတပ်၊ BGF နှင့်အတူ DKBA ဝတ်စုံများဖြင့် ပူးပေါင်းတိုက်ခိုက်မှုများ ရှိနေ

ဇွန် ၂၈

မြဝတီခရိုင် ဝေါလေမြိုင်ဒေသ ဥကရစ်ထတိုက်ပွဲတွင် DKBA ဝတ်စုံများဖြင့် စစ်ကောင်စီတပ်၊ BGF နှင့် အတူပူးပေါင်းပြီး KNDO,KLNA,PDF တို့ကို တိုက်ခိုက်နေကြောင်း မြေပြင်သတင်းများအရ သိရသည်။

ဇွန်လ ၂၇ ရက်နေ့က ဥကရစ်ထတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် NCA လက်မှတ်ထိုးထားသည့် DKBA စောစတီးတပ်ဖွဲ့၏စစ်ဝတ်စုံများဖြင့် အင်အား ၄၀ ကျော်က စစ်ကောင်စီတပ်နှင့် ပူးပေါင်းတိုက်ခိုက်နေ ကြောင်းသိရသည်။

“ DKBA ယူနီဖောင်းတွေနဲ့ တက်လာတာတွေ့တယ်။ စစ်ကောင်စီကပဲ ယူနီဖောင်းလဲပြီး တက်လာတာ လား စောစတီအဖွဲ့ကပဲလားဆိုတာတော့ သေချာမသိသေးဘူး။ အဲ့ကိစ္စကို သေချာစုံစမ်းနေတယ်” ဟု KNDO အရာရှိတဦးမှ ပြောသည်။

ဇွန်လအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါင်းစဥ်ဖြင့် အာဏာသိမ်းစစ်ကောင်စီစစ်ခေါင်းဆောင်နှင့် DKBA ခေါင်းဆောင်စောစတီးတို့သည် နေပြည်တော်တွင် နှစ်ရက်ကြာ တွေ့ဆုံခဲ့သည်။

ဇွန်လ ၂၅ ရက်နေ့မှစတင်ပြီး ဝေါလေမြိုင်ဒေသ ဥကရစ်ထစစ်ကောင်စီစခန်းကို KNDO,KNLA,PDF ပူးပေါင်းတပ်ဖွဲ့မှ စခန်းသိမ်းတိုက်ပွဲ တိုက်ခိုက်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိကာ တိုက်ပွဲပြင်းထန် လျှက်ရှိကြောင်း သိရသည်။

#Mizzima

#ဥကရစ်ထတိုက်ပွဲ

#DKBA

#ဝေါလေမြိုင်ဒေသ

#ပူးပေါင်းတိုက်ခိုက်

#စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly