နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် ဥက္ကဋ္ဌအဖြစ် ဝီဂါ-အမေရိကန်ရှေ့နေကို ရွေးချယ်

နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် ဥက္ကဋ္ဌအဖြစ် ဝီဂါ-အမေရိကန်ရှေ့နေကို ရွေးချယ်

တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုတော်လှန်ရေးအတွင်း ကက်ရှ်ဂါတွင် မွေးဖွားခဲ့သော ဝီဂါ-အမေရိကန်ရှေ့နေ နူရီ တာကယ်အား နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် (USCIRF) ၏ ဥက္ကဌအဖြစ် တစ်ညီတစ်ညွတ်တည်း ရွေးချယ်တင်မြှောက်လိုက်ကြသည်။

သူသည် ပါတီ ၂ ရပ်ပါ လွတ်လပ်သောဖယ်ဒရယ်အစိုးရအဖွဲ့အစည်း USCIRF အတွက် ၂၀၂၀ ခုနှစ်တွင် ခန့်အပ်ခံရသော ပထမဆုံး ဝီဂါ-အမေရိကန် ဖြစ်လာခဲ့သည်။

ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာဥက္ကဋ္ဌအသစ်သည် ရွှေ့ပြောင်းနေထိုင်သူများနှင့် ဝီဂါလူမျိုးတုံးသတ်ဖြတ်မှု၏ သွယ်ဝိုက်သောသားကောင်များအတွက် ဦးဆောင်သွားမည်ဖြစ်ကြောင်း RFA က ဖော်ပြသည်။

ရှေ့နေသက်ကြာပြီဖြစ်သော အသက် ၅၀ အရွယ် တာကယ်သည် ဝါရှင်တန်ရှိ ဝီဂါလူ့အခွင့်ရေး ပရောဂျက်အတွက် ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ တရုတ်ထိန်းချုပ်ထားသော ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ (XUAR) တွင် ဝီဂါ ၁၂ သန်း၏ အတိဒုက္ခကို တစ်ကမ္ဘာလုံး သတိပြုမိစေရန် ကြိုးပမ်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

တာကယ်သည် ဥပဒေလုပ်ပိုင်ခွင့်အာဏာ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဝီဂါနှင့် အခြားသော အင်အားနည်းသည့် လူမျိုးရေးနှင့် ဘာသာရေးအဖွဲ့များအပေါ်  တရုတ်နိုင်ငံ၏ ရက်စက်ယုတ်မာမှုများကို ဆက်လက်စောင့်ကြည့်သွားဖြစ်ကြောင်းနှင့် ဆက်လက်ဖြစ်ပွားနေသော ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုအတွက် ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံကို ဆက်လက်တောင်းဆိုကာ ကွန်မြူနစ်တရုတ်နိုင်ငံရှိ ဝီဂါနှင့် အခြားသူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများရပ်တန့်ရန် ပြင်းထန်သောမူဝါဒဆိုင်ရာတုံ့ပြန်မှုတစ်ခုအတွက် ထောက်ခံသွားမည်ဟု ဆိုသည်။

တရုတ်နိုင်ငံ၏ ရက်စက်ယုတ်မာမှုများကို အသံပြုပြောဆိုရန်ရေးနှင့် ဝီဂါလူမျိုးတုံးသတ်ဖြတ်မှု အဆုံးသတ်ရေးအတွက် အမေရိကန်ဦးဆောင်သော ကြိုးပမ်းမှုများတွင် ပူးပေါင်းနိုင်ရေးအတွက် မွတ်စလင်ကြီးစိုးသောနိုင်ငံများနှင့် ထိတွေ့ဆက်ဆံရန် အဖွဲ့အစည်းအနေဖြင့် အမေရိကန်နိုင်ငံခြားရေးဌာနနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာကယ်က ပြောကြားခဲ့သည်။

တရုတ်အာဏာပိုင်များသည် ၂၀၁၇ ခုနှစ်ကတည်းက ရှင်ကျန်းပြည်နယ် အနောက်မြောက်ပိုင်းရှိ ဝီဂါနှင့် အခြားသော တာကစ်မွတ်စလင်များအပေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သလို လူပေါင်း ၁ သန်းကျော်ကို ဖမ်းဆီးကာ ရှင်ကျန်းပြည်အတွင်းနှင့်ပြင်ပတွင် အကျဉ်းသားများနှင့် အခြားသူများကို အတင်းအဓမ္မအလုပ်ခိုင်းစေခြင်းများ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly