ဂြိုလ်ကြီးခြောက်လုံးတန်းသွားချိန် ကောင်းမှုတော်စေတီပုံဆိုသည်မှာ ပြုပြင်ထားသည့်ပုံသာဖြစ်

ဂြိုလ်ကြီးခြောက်လုံးတန်းသွားချိန် ကောင်းမှုတော်စေတီပုံဆိုသည်မှာ ပြုပြင်ထားသည့်ပုံသာဖြစ်

ဇွန်လ ၂၆ ရက်

RedMi 6 ဖုန်းဖြင့် စစ်ကိုင်းကောင်းမှုတော်စေတီ၌ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် နံနက် ၂ နာရီမှ ၅ နာရီကြား တွင် ဂြိုလ်ကြီးခြောက်လုံးတန်းမှုဖြစ်စဉ်အား ရိုက်ကူးထားသည်ဆိုသည့်ဓာတ်ပုံမှာ ပြုပြင်ယူထားသည့် ဓာတ်ပုံသာဖြစ်သည်။

အဆိုပါဓာတ်ပုံအား မူရင်းစတင်သူမှာ လက်ရှိတွင် ပိုစ့်အားဖျက်သွားပြီဖြစ်သော်လည်း ထပ်ဆင့် ကူးယူသူ များဖြစ်သည့် "The Melting Pot For U" နှင့် "John Lwin" တို့တွင် "ဂြိုလ်ကြီးခြောက်လုံးဖြစ်တဲ့ Mercury, Venus, Moon, Mars, Jupiter, Saturn တန်းသွားချိန်ဓာတ်ပုံရရှိခဲ့၊ စစ်ကိုင်းကောင်းမှုတော် အားဖူးတွေ့ရဟု " ရေးသားထားသည်။

"The Melting Pot For U" မှကူးယူဖော်ပြသည့်အကြောင်းအရာကို ပြန်လည်မျှဝေသူ ၉၀၀ ကျော်ရှိပြီး၊ ကြိုက်နှစ်သက်သက်ကြောင်းပြသူ ၄,၀၀၀ ကျော်ရှိနေသည်။

ထို့အတူ "John Lwin" တင်ထားသည့်ပိုစ့်အား ပြန်လည်မျှဝေမှု ၂၀၀ ကျော်ရှိပြီး ကြိုက်နှစ်သက်ကြောင်း ပြသူ ၂,၀၀၀ကျော်ရှိသည်။ ဓာတ်ပုံရိုက်ကူးသူသည် "Sai Wanna" ဟုဖော်ပြသော်လည်း ထိုသူ၏ ဖေ့ဘုတ်စ်အကောင့်နှင့် မူရင်းဓာတ်ပုံတို့ကို ရှာမတွေ့ခဲ့ပေ။

မဇ္ဈိမအချက်အလက်စစ်ဆေးသူများသည် "ဂြိုလ်ကြီးငါးလုံးတန်းမှုဖြစ်စဉ်နှင့်ပက်သက်ပြီး အဆိုပါဓာတ်ပုံ ၏ မူရင်းရာဇဝင်ကို ရှာဖွေရာ ရှာတွေ့ခြင်းမရှိခဲ့ပေ။

Myanmar Astronomy & Science Enthusiasts Society(MASES) တွင် ဇွန်လ ၂၃ ရက်က ဂြိုလ်ကြီး ငါးလုံးတန်းစီခြင်းဖြစ်စဉ် (Plant Parade ) အား ဇွန်လ ၂၄ ရက် နံနက် ၄ နာရီမှစတင်ပြီး အဆိုပါ ဖြစ်စဉ် အားမြင်တွေ့နိုင်ကြောင်း ကြေညာထားသည်။ မူရင်းလင်ခ့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://www.facebook.com/135924224734/posts/pfbid0bX7qkD1sKM7iqTx7Wssh6G324aK9kwMJu8bNgVvFjyvD9p1buFEz9kgHu1CPf8d7l/?d=n

လက်ရှိလူမှုကွန်ရက်တွင်ပျံ့နှံ့သကဲ့သို့ ဂြိုလ်ခြောက်လုံးတန်းမှုဖြစ်စဉ်မဟုတ်ဘဲ ဂြိုလ်ငါးလုံးတန်းမှု ဖြစ်စဉ်သာဖြစ်ကြောင်း ကွဲလွဲချက်ကိုတွေ့ရှိရသည်။

ထို့အတူ မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ လက်ရှိပျံ့နှံ့နေသည့်ဓာတ်ပုံနှင့်ပတ်သက်ပြီး Astrophotographer တစ်ဦးထံ ဆက်သွယ်မေးမြန်းကြည့်ရာတွင် "ရှင်းပြဖို့အနည်းငယ်ရှုပ်ထွေးပေမဲ့ ဒီပုံက အစစ်အတုဆိုတာကို ကျွန်တော်တို့လိုဝါသနာကြီးသူတွေက ဂြိုဟ်တွေတစ်ခုခြင်းစီရဲ့အကွာအဝေး၊ အလင်းပမာဏ၊ နောက်ပြီး perspective သဘောအရ foreground နဲ့ background ရဲ့ အနီးအဝေး အကြီး အသေးကို ကြည့်လိုက်ရင် မှန်းကြည့်လို့ရပါတယ်။ ဘုရားကို foreground ထားပြီး နောက်ကအစက်တွေ ထည့်ထားတာပါလို့ ပုံရိုက်သူကလည်း ဝန်ခံသွားပါပြီ" ဟု ပြန်လည်ဖြေကြားသည်။

MASES ကလည်း အဆိုပါ စစ်ကိုင်းကောင်းမှုတော်စေတီနှင့် ဂြိုလ်ခြောက်လုံးတန်းမှု ဖြစ်စဉ်သည် သတင်းအတုဖြစ်ကြောင်း ပြန်လည်ဖြေရှင်းထားသည်ကိုတွေ့ရသည်။

"မူရင်းပိုစ့်တွင့်တွေ့ရသည့် အချက်အလက်အရ ဒီပုံကို ဖုန်းနဲ့ရိုက်တယ်ပြောပါတယ်။ ဖုန်းနဲ့ဖြစ်စေ ကင်မရာနဲ့ဖြစ်စေ ရိုက်ရင် ဂြိုလ်တွေကို ဒီလိုအရွယ်အစားတူ မမြင်ရပါ"ဟု ရေးထားထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အား ယခုလင်ခ့်တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။

https://www.facebook.com/135924224734/posts/pfbid02bh4C7RoCNL6BgwvJcN3uBPr8wVbANkMRXBGiW5cBUafBcpwwVyJrsoQP3hRbe9J5l/?d=n

အခြားသော ဓာတ်ပုံကျွမ်းကျင်ပညာရှင်တစ်ဦးကလည်း အဆိုပါပုံသည် ပြုပြင်ထားသည့်ပုံဖြစ်ပြီး ကာယကံရှင်မှ ဝန်ခံထားကြောင်းပြောကြားထားသည်ကို ရေးသားထားသည်ကိုတွေ့ရပါသည်။ သို့သော် ထိခိုက်နစ်နာစေလိုမှုမရှိသဖြင့် မူရင်းပိုင်ရှင်အားမဖော်ပြထားကြောင်း ရေးသားထားသည်။

https://www.facebook.com/100038856857032/posts/pfbid037TfgFcA3tWKiskuLSVygN2fWyBmnzQWngD2hNEjmPT2LnpihmdndPkyFMpn8dFmzl/?d=n

ထို့ကြောင့်လက်ရှိပျံ့နှံ့နေသည့် ဂြိုလ်ကြီးခြောက်လုံးတန်းမှုနှင့်အတူ စစ်ကိုင်းကောင်းမှုတော်စေတီအား ရိုက်ကူးထားသည့်ပုံဆိုသည့်မှာ ပြုပြင်ယူထားသည့်ဓာတ်ပုံတစ်ပုံသာဖြစ်သည်။

MASES သည် နက္ခတ္တဗေဒဗေဒနှင့် သိပ္ပံပညာအားစူးစမ်းလိုသူများမှ ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက်ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly