အသင်း၏ အဓိကပစ်မှတ်မှာ လာလီဂါတွင် နိုင်ပွဲရရှိရန်ဖြစ်ကြောင်း ဗလင်စီယာနည်းပြဂယ်ရီနဗီးလ် ပြော

အသင်း၏ အဓိကပစ်မှတ်မှာ လာလီဂါတွင် နိုင်ပွဲရရှိရန်ဖြစ်ကြောင်း ဗလင်စီယာနည်းပြဂယ်ရီနဗီးလ် ပြော

စပိန်၊ ဖေဖော်ဝါရီ ၁၀ ။                ။ ဗလင်စီယာနည်းပြ ဂယ်ရီနဗီးလ်က ယခုအချိန်တွင် အသင်း၏အဓိက ပစ်မှတ်မှာ လာလီဂါတွင် နိုင်ပွဲရရှိရန် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ဂယ်ရီနဗီးလ်သည် ဗလင်စီယာအသင်းကို ဒီဇင်ဘာလက စတင်တာဝန်ယူခဲ့ပြီး ၎င်း၏လက်အောက်တွင် လာလီဂါပွဲစဉ် ကိုးပွဲ ကစားခဲ့ရာ၌ လေးပွဲရှုံးပြီး၊ ငါးပွဲ သရေကျခဲ့သည်။ လက်ရှိတွင် ဗလင်စီယာအသင်းမှာ လာလီဂါအမှတ်ပေးဇယား အဆင့် ၁၄ နေရာတွင် ရပ်တည်နေပြီး တန်းဆင်းဇုန်မှ အသင်းနှင့် လေးမှတ်သာ ကွာဟလျက်ရှိသည်။

ဂယ်ရီနဗီးလ်က ယခုတစ်ပတ်တွင် ကစားရမည့် အက်စ်ပန်ညိုနှင့်ပွဲစဉ်ကို အနိုင်ရရှိအောင် ကစားမည်ဟု ဆိုသည်။ 'လာမည့်စနေနေ့မှာ ကစားရမယ့် အက်စ်ပန်ညိုနဲ့ပွဲစဉ်ကို အနိုင်ရအောင် ကစားသွားမှာပါ။ ဒါက ကိုယ့်ကိုကိုယ်ပေးထားတဲ့ ဖိအားပါပဲ' ဟု ဂယ်ရီက ပြောသည်။

ဘာစီလိုနာအသင်းအား ၇-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည့် ကိုပါဒယ်ရေးဖလား ပထမအကျော့ပွဲစဉ်အပြီးတွင် ဗလင်စီယာ ဂိုးသမားဟောင်း ကာနီဇာရက်က ဂယ်ရီနဗီးလ်ကို တောင်းပန်ပြီးအသင်းမှ ထွက်ခွာသွားရန် ပြောဆိုခဲ့သည်။

သို့သော်ဂယ်ရီက အသင်းမှ နုတ်ထွက်ရန် ငြင်းဆန်ခဲ့ပြီး လက်ရှိအခြေအနေကို နားလည်ကြောင်းနှင့် ရလဒ်များပြန်လည်ကောင်းမွန်လာအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly