လွတ်လပ်စွာ ပြောဆိုခွင့်ကို ပြည်ပနိုင်ငံများတွင်ပါ ပိတ်ပင်ရန် တရုတ် ကြိုးစားနေ

လွတ်လပ်စွာ ပြောဆိုခွင့်ကို ပြည်ပနိုင်ငံများတွင်ပါ ပိတ်ပင်ရန် တရုတ် ကြိုးစားနေ

တရုတ်သည် နိုင်ငံတကာသတင်းထောက်များအတွက် ခက်ခဲသော သတင်းတင်ဆက်မှု အခြေအနေများ ကြောင့် ကာလကြာရှည်စွာကတည်းက နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်ပါတီ-နိုင်ငံတော်နှင့် မဟာမိတ်များက တရုတ်နိုင်ငံနယ်နိမိတ်ပြင်ပတွင်ပါ လွတ်လပ်စွာ ပြောဆိုခွင့်ကို တားမြစ်ရန် ကြိုးစားလာသည်။

အငြင်းပွားဖွယ်ရာဆောင်းပါး တစ်ပုဒ်ကြောင့် အစ္စရေးသတင်းစာ Jerusalem Post နှင့် အဆက်အသွယ် ဖြတ်မည်ဟု မကြာသေးမီက တရုတ်က ခြိမ်းခြောက်ခဲ့သည်ဟု HK Post က ဖော်ပြခဲ့သည်။

ကျော်ကြားသော Jerusalem Post ဝက်ဘ်ဆိုက်ပေါ်တယ်တွင် လွှင့်တင်ပြီးနောက် ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီး:ဂျိုးဇက်ဝူနှင့် လူတွေ့မေးမြန်းခန်းကို ဖယ်ရှားရန် တရုတ်သံတမန်တစ်ဦးက တောင်းဆိုခဲ့ပြီး သတင်းစာမှ လူတွေ့ မေးမြန်းခန်းကို မဖယ်ရှားပါက ပေါ်တယ်နှင့် အဆက်အသွယ်ဖြတ်ရန်ပင် ခြိမ်းခြောက်ခဲ့သည်။

ထိုင်ဝမ်သည် တရုတ်ကို အလွန်အမင်း မှီခိုနေရကြောင်းနှင့် တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ရန် အသင့်ရှိကြောင်း ဝန်ကြီးဝူက အစ္စရေးကို သတိပေးခဲ့သည်။

'တရုတ်က အာဏာရှင်နိုင်ငံဖြစ်ပြီး သူတို့က ကွဲပြားတဲ့ အတွေးအခေါ်နဲ့ စီးပွားရေးလုပ်နေပါတယ်' ဟု ထိုင်ပေရှိ ရုံးခန်းမှ ဗီဒီယိုအင်တာဗျူးတစ်ခုတွင် ဝူက သတင်းဌာနကို ပြောကြားခဲ့သည်။

'တခါတရံမှာ သူတို့က ကုန်သွယ်မှုကို လက်နက်တစ်ခုအနေနဲ့ အသုံးချပြီး တခြားနိုင်ငံတွေအပေါ် သူတို့ရဲ့ ကုန်သွယ်ရေးလက်နက်ဆက်ဆံရေးကို ကျင့်သုံးနေပါတယ် 'ဟု ဝူက ပြောကြားခဲ့သည်။

ဆောင်းပါးကို မဖယ်ရှားပါက တရုတ်က သတင်းစာနှင့် အဆက် အသွယ်ဖြတ်ကာ “အစ္စရေးနှင့် ဆက်ဆံ ရေးကို အဆင့်နှိမ့်ချမည်” ဖြစ်ကြောင်း တရုတ်သံရုံးမှ ဖုန်းဆက်ပြောကြားလာသည်ဟု အစ္စရေး၏ ရောင်းအား အကောင်းဆုံး အင်္ဂလိပ်သတင်းစာ၏ အယ်ဒီတာချုပ် ယာကွတ်ဗ် ကက်ဇ်က တွစ်တာတွင် ရေးသား ခဲ့သည်ဟု Taipei Times သတင်းတွင် ဖော်ပြထားသည်။

“ပြောစရာတောင်မလိုပါဘူး၊ ဆောင်းပါးကို ဖယ်ရှားစရာမလိုပါဘူး” ဟု ကက်ဇ်က ရေးသားခဲ့သည်။ ယူကရိန်းအား ရုရှားကျူးကျော်မှုမှ မှားယွင်းသော သင်ခန်းစာကို တရုတ်က သင်ယူနေမည်ကို စိုးရိမ်ကြောင်းနှင့် ထိုင်ဝမ်အပေါ် တရုတ်၏ စစ်ရေးအရ ရန်စမှုများ ပိုမိုများပြားလာခြင်းကြောင့် ကျူးကျော်ရန် ပိုမိုစိတ်ပိုင်းဖြတ် ထားပုံရကြောင်း ဝူက ပြောကြားခဲ့သည်။

ထိုင်ဝမ်က စစ်ရေးနှင့် သံတမန်ရေးအရ နိုင်ငံအများအပြားဆက်ဆံရေးတည်ဆောင်ရန် ပြင်ဆင်နေပြီး ဥရောပ အရှေ့ပိုင်းရှိ နိုင်ငံများ၊ ကနေဒါ၊ သြစတြေးလျ၊ ဂျပန်ကဲ့သို့သော နိုင်ငံများနှင့် ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly