ပါကစ္စတန်တွင် ဆန္ဒပြအစိုးရဝန်ထမ်းများကို ရဲတပ်ဖွဲ့က နံပါတ်တုတ်များဖြင့် ရိုက်နှက်ဖြိုခွင်း

ပါကစ္စတန်တွင် ဆန္ဒပြအစိုးရဝန်ထမ်းများကို ရဲတပ်ဖွဲ့က နံပါတ်တုတ်များဖြင့် ရိုက်နှက်ဖြိုခွင်း

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် ကွက်တာမြို့၌ ဘာလိုချီစတန် ဝန်ထမ်းများနှင့် အလုပ်သမားများဆိုင်ရာ မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များ၏ ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့် နံပါတ်တုတ်များ သုံးပြီး လူစုခွဲခဲ့သည်။

ဆန္ဒပြသူများသည် ပြည်နယ်ဝန်ကြီးချုပ်၏ နေအိမ်အထိ ချီတက်ဆန္ဒထုတ်ဖော်ရန် ဆန္ဒရှိခဲ့ကြသည်ဟု Dawn သတင်းစာက ဖော်ပြသည်။

ရဲတပ်ဖွဲ့၏ ဖြိုခွင်းနှိမ်နင်းမှုကြောင့် ဆန္ဒပြသူတစ်ချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဆန္ဒပြသူများသည် ဇွန်လ ၂၀ ရက်က ပြည်နယ်အစိုးရနှင့် ရဲတပ်ဖွဲ့ကို ဆန့်ကျင်သော ကြွေးကြော်သံများ အော်ဟစ်ကြွေးကြော်ရင်း အနီရောင်ဇုန်အနီး၌ စုဝေးခဲ့ကြပြီး ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် နေအိမ်သို့ စတင်ချီတက်ခဲ့ကြသည်။

ယင်းနောက် ရာနှင့်ချီသော ရဲများက ၎င်းတို့ကို တားဆီးခဲ့သည်။ ဆန္ဒပြသူများက အနီရောင်ဇုန်ထဲ အတင်းဝင်ရောက်ရန် ကြိုးပမ်းခဲ့စဉ် ရဲများက မျက်ရည်ယိုဗုံးများ ပစ်ခဲ့သလို နံပါတ်တုတ်များဖြင့် ရိုက်နှက် လူစုခွဲခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

၎င်းတို့၏ တောင်းဆိုချက်များကို လိုက်လျောလက်ခံစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၏ နေအိမ်သို့ ချီတက်မည်ဟု ဘာလိုချီစတန် ဝန်ထမ်းများနှင့် အလုပ်သမားများဆိုင်ရာ မဟာမိတ်အဖွဲ့က ကြေညာခဲ့သည်။

၎င်းတို့၏ တောင်းဆိုချက်များထဲတွင် ဝန်ထမ်းလစာများ တိုးမြှင့်ပေးရေး ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly