ပါကစ္စတန် အာဏာပိုင်တို့၏ ရက်စက်သည့် လုပ်ရပ်များကို ထုတ်ဖော်ရန် ဘာလို့ချ်လူမျိုးစု အစုအဖွဲ့က ဂျာမနီတွင် ဆန္ဒထုတ်ဖော်

By The Print
24 June 2022
ပါကစ္စတန် အာဏာပိုင်တို့၏ ရက်စက်သည့် လုပ်ရပ်များကို ထုတ်ဖော်ရန် ဘာလို့ချ်လူမျိုးစု အစုအဖွဲ့က ဂျာမနီတွင် ဆန္ဒထုတ်ဖော်

ပါကစ္စတန်နိုင်ငံတွင် လူများကို အဓမ္မဖမ်းဆီးပြီး ပျောက်ဆုံးသွားစေမှုများ အပါအဝင် အာဏာပိုင်တို့ ကျူးလွန် နေသော ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို မီးမောင်းထိုးပြသရန် ဘာလို့ချ်လူမျိုးစု အသံအစည်းအရုံး (BVA) က ဇွန် ၂၀ ရက်တွင် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံး အရှေ့ဘက်၌ ဆန္ဒထုတ်ဖော်ပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။

ထို့ပြင် BVA သည် ထိုဆန္ဒပြပွဲ၌ ခြေထောက်တစ်ချောင်းကျိုးနေသော ထိုင်ခုံအဖြစ် ဖန်တီးထားသော လက်ရာ တစ်ခုနှင့်အတူ ပြပွဲတစ်ခုကိုပါ စီစဉ်ခဲ့သည်။

၎င်းတို့သည် တရုတ် စီမံဆောင်ရွက်ပြီး ငွေကြေးပံ့ပိုးသည့် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ (CPEC) ၏ ဘက်ပေါင်းစုံ ထိခိုက်စေသော သက်ရောက်မှုများကို မီးမောင်းထိုးပြသခဲ့သည်။

ဇွန် ၂၀ ရက်တွင် စတင်ခဲ့သည့် ထိုပွဲကို ၂၂ ရက်အထိ ဆက်လက်ပြုလုပ်ခဲ့သည်။

ယင်းပွဲသည် လူ့အခွင့်အရေးကောင်စီ (HRC) နှင့် သံတမန်မစ်ရှင်အဖွဲ့များထံ မှတ်စုတစ်စောင် လွှဲပြောင်း ပေးအပ်ခြင်းနှင့်အတူ အဆုံးသတ်မည် ဖြစ်သည်။

ပြီးခဲ့သည့် မတ်လမှစ၍ ဂျီနီဗာရှိ ဘာလို့ချ်လူမျိုးစု အသံအစည်းအရုံးသည် ပါကစ္စတန် ဘာလိုချီစတန်ရှိ ထောင်နှင့်ချီသော အဓမ္မ ဖမ်းဆီးခံ ပျောက်ဆုံးမှုဖြစ်စဉ်များကို ဆန့်ကျင်ရန် ပြပွဲများ၊ ညှိနှိုင်းဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများကို စီစဉ်ပြုလုပ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly