အလွန်အကျွံပေါ့ဆမှုနှင့် အလုပ်ကြန့်ကြာမှုများကြောင့် နီပေါတွင် တရုတ်ကုမ္ပဏီများ နာမည်ပျက် စာရင်းသွင်းခံရ

အလွန်အကျွံပေါ့ဆမှုနှင့် အလုပ်ကြန့်ကြာမှုများကြောင့် နီပေါတွင် တရုတ်ကုမ္ပဏီများ နာမည်ပျက် စာရင်းသွင်းခံရ

ဟိမဝန္တာဒေသရှိ နီပေါတွင် စွမ်းအင်၊ အခြေခံအဆောက်အအုံနှင့် မြို့ပြလေကြောင်းနယ်ပယ်တွင် လုပ်ကိုင်နေ သော တရုတ်ကန်ထရိုက်တာများ၏ အကောင်ထည်ဖော်မှုအားနည်းမှုနှင့် ပေါ့ဆမှုမှုကြောင့် တရုတ်ကုမ္ပဏီ ဒါဇင်ပေါင်းများစွာကို နာမည်ပျက်စာရင်းသွင်းထားသဖြင့် တရုတ်အစိုးရသည် ကြီးမားသော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

နီပေါ၏ ကြီးမားသော စီမံကိန်းများကို ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) တွင် ပါဝင်သည်ဟု ရှုမြင်သည့် တရုတ်ကြောင့် ခတ္တမန္ဒူ-ကာရွန် ပြည်နယ်ချင်းဆက် ရထားလမ်း၊ ဂဲလ်ချီ-ရာစုဝါဂါဟီ ရထားလမ်းအပိုင်းနှင့် ဆာဖရူဘန်စီ-ရာစုဝါဂါဟီရထားလမ်းပိုင်းများ ရပ်ဆိုင်းခဲ့ရသည်။

ထို့ပြင် ၂၀၁၃ ခုနှစ် ဧပြီလတွင် တရုတ်ကုမ္ပဏီ Chachiang Hydropower Construction and Installation Company မှ စတင်ခဲ့သော လမ်ဂျန်ခရိုင်၊ ဘာဟန်ဒန်ဒါမြူနီစပယ်ဒေသ၊ ငဒီမြစ်ပေါ်ရှိ ၃၀ မဂ္ဂါဝပ်နာဒီ ရေအား လျှပ်စစ် စီမံကိန်းသည် နှောင့်နှေးခဲ့ရသည်ဟု KhabarHub က ဖော်ပြသည်။

ထို့ပြင် ဟီတက်ဒါ-ဘာရတ်ပါ-ဘာဒတ်ဟတ်ဓာတ်အားလိုင်းသွယ်တန်းရာတွင် လွန်ကဲစွာ ပေါ့ဆမှုကြောင့် Central China Power Grid International  Economic Trade ၏ ယင်းစီမံကိန်းသည် အလုပ်မတွင်သဖြင့် နီပေါလျှပ်စစ်အာဏာပိုင်အဖွဲ့ (NEA) ၏ အမည်ပျက်စာရင်းသွင်းခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ပုံရိပ်ယိုယွင်းလာပြီးနောက် နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟိုယန်ချီက ဧပြီ ၂၁ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အလုပ်မတွင်မှုအတွက် နီပေါအစိုးရ အပြောင်းအလဲကို အပြစ်တင်ခဲ့သည်။

ဧပြီ ၂၁ ရက်က ပြုလုပ်ခဲ့သည့် အွန်လိုင်း အစည်းအဝေးတွင် တရုတ်ကန်ထရိုက်တာများနှင့် နာမည်ပျက် စာရင်းသွင်းထားသောကုမ္ပဏီများကို ခုခံ ကာကွယ်ရင်း စီမံကိန်းကြီးကြီးမားမားတည်ဆောက်ရန် တရုတ် ရင်းနှီးမြှုပ်နှံသူများ ပျက်ကွက်မှုနှင့် ကန်ထရိုက်တာများ၏ ပေါ့ဆမှုအစား နီပေါတွင် အစိုးရအပြောင်း အလဲနှင့် ဒီမိုကရေစီရွေးကောက်ပွဲများကြောင့်ဖြစ်ကြောင်း သူမက မှတ်ချက်ပြုခဲ့သည်။

နီပေါအေးဂျင့် ဒီပတ်ဘတ်က ဆောင်ရွက်သည့် ယင်းကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှု အာမခံအဖြစ် အပ်နှံ ထားသည့် ရူပီး သန်း ၃၀ဝ ကို သိမ်းဆည်းခဲ့ပြီး NEA က တင်ဒါပြန်ခေါ်ခဲ့သည်။

ထို့ပြင် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက တရုတ်သမ္မတ ရှီကျင့်ဖျင်၏ နီပေါခရီးစဉ်အတွင်း 'စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ဆိုင်ရာ သဘောတူညီချက် ရရှိခဲ့သော်လည်း တိုးတက်မှု မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required