ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် ပါကစ္စတန်ရဲတပ်ဖွဲ့ဘက်က အကြမ်းပတမ်း တိုက်ခိုက်ဖြိုခွင်းမှု လူ့အခွင့်အရေးအဖွဲ့ ရှုတ်ချ

By Zee5
23 June 2022
ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် ပါကစ္စတန်ရဲတပ်ဖွဲ့ဘက်က အကြမ်းပတမ်း တိုက်ခိုက်ဖြိုခွင်းမှု လူ့အခွင့်အရေးအဖွဲ့ ရှုတ်ချ

ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌ အဓမ္မဖမ်းဆီးခံ ပျောက်ဆုံးနေသူများ၏ မိသားစုများနှင့် အခြားသော ငြိမ်းချမ်းစွာ ရှိနေသည့် ဆန္ဒပြသူများ အိပ်စက်ခြင်းမပြုဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုအပေါ် ပါကစ္စတန်တပ်ဖွဲ့များဘက်က အကြမ်းပတမ်း တိုက်ခိုက်ဖြိုခွင်းခဲ့မှုကို ပြစ်တင်ရှုတ်ချကြောင်း လွတ်လပ်သော ဘာလိုချီစတန် လှုပ်ရှားမှုအဖွဲ့ (FBM) က ထုတ်ပြန်လိုက်သည်။

နိုင်ငံတွင် ဘာလို့ချ် မျိုးနွယ်စုဝင် အမျိုးသမီးများနှင့် ကလေးများအပေါ် ပါကစ္စတန်တပ်ဖွဲ့များဘက်က အကြမ်းဖက်မှုကို သတိထား အာရုံစိုက်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို FBM က တိုက်တွန်းခဲ့သည်။

“ပါကစ္စတန်ဟာ ဘာလိုချီစတန်ကို တရားမဝင် သိမ်းပိုက်ထားခဲ့တယ် ဆိုတာနဲ့ သူတို့ရဲ့ တရားမဝင် သိမ်းပိုက်အုပ်ချုပ်မှုကို ဆက်လက်တည်တံ့နေအောင် လုပ်နေတယ် ဆိုတာကို ကမ္ဘာက သိရှိ သဘောပေါက် သင့်ပါတယ်။ ပါကစ္စတန် အာဏာပိုင်တွေဟာ ဘာလို့ချ် လူမျိုးတွေအပေါ် လူမဆန်၊ ရက်စက်စွာ အကြမ်းဖက်တဲ့ နည်းလမ်းကို အသုံးပြုနေသလို နိုင်ငံတကာ ဥပဒေတွေကိုလည်း မွှေနှောက်နေပါတယ်” ဟု FBM က ပြောသည်။

ယင်းနိုင်ငံတွင် ကရာချိမြို့ ရဲတပ်ဖွဲ့က ပြီးခဲ့သည့် ဇွန် ၁၃ ရက်ညပိုင်းတွင် အမျိုးသမီးများ အပါအဝင် ဆန္ဒပြသူ ဒါဇင်နှင့်ချီကို ဖမ်းဆီးခဲ့သည်။ အဆိုပါ ဆန္ဒပြသူများသည် ပျောက်ဆုံး ကျောင်းသားနှစ်ဦး အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရမှုကို ဆန့်ကျင်ရန် ဆင်းဒ်ပြည်နယ်လွှတ်တော်အပြင်ဘက်၌ နေရာကနေ မထဘဲ ဆန္ဒပြခဲ့ကြသူများ ဖြစ်သည်။

ဘာလို့ချ်ဆန္ဒပြသူများအပေါ် အာဏာပိုင်တို့ဘက်က နိုင်ထက်စီးနင်း ကိုင်တွယ်မှုက ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့သွားခဲ့ပြီး ယခုအခါ ရဲတပ်ဖွဲ့၏ လူမဆန်သည့် လုပ်ဆောင်ချက်အတွက် အရေးယူဆောင်ရွက်ရန် ပြည်သူတို့က တောင်းဆိုနေကြောင်း ပါကစ္စတန် ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly