ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ရွာပေါင်းစုံသပိတ်စစ်ကြောင်း

ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ရွာပေါင်းစုံသပိတ်စစ်ကြောင်း

ဇွန် ၂၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ဘက်ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၆၉ ရက်မြောက် အဖြစ် ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကို ထိုးစိုက်မယ့် သံမဏိဓါး” စာတန်းအားကိုင်ဆွဲကာ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြပြီး ကျဆုံးအာဇာနည်များကို အလေးပြုခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံသပိတ် စစ်ကြောင်းသည် မတ်လ ၉ ရက် ၂၀၂၁ နေ့မှ စတင်ကာဆန္ဒထုတ်ဖော်ခဲ့ကြခြင်းလည်းဖြစ်သည်။

#ရွာပေါင်းစုံသပိတ်

#ယင်းမာပင်

#ဆားလင်းကြီး

#ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly