စစ်ကောင်စီ ဖမ်းဆီးထားသည့် ဗကသကျောင်းသား ခေါင်းဆောင်ဟောင်း နှင့် ၎င်း၏ မိသားစု အဆက်အသွယ် ပြတ်နေ 

စစ်ကောင်စီ ဖမ်းဆီးထားသည့် ဗကသကျောင်းသား ခေါင်းဆောင်ဟောင်း နှင့် ၎င်း၏ မိသားစု အဆက်အသွယ် ပြတ်နေ 

ဇွန် ၂၃

စစ်ကောင်စီသည် ဗကသကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျိမ်း ခေါ် ကိုလင်းထက်နိုင်   စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး မိသားစုနှင့်အဆက်အသွယ်ပြတ်နေကြောင်းသိရသည်။ 

စစ်ကောင်စီသည် ဇွန်လ ၁၈ ရက် ညနေ ၆ နာရီက ရန်ကုန် ဗိုလ်တစ်ထောင်မြို့ နယ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ 
လက်ရှိအချိန်တွင် ကိုလင်းထက်နိုင်အား မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရှိရသလို မိသားစုနှင့်လည်း အဆက်အသွယ်ပြတ်နေသည်ဟု နိုင်ငံရေးတက်ကြွလှုပ်သားရှားသူ အသိုင်းအဝိုင်းထံက သိရသည်။ 

 “ဗိုလ်တစ်ထောင်မြို့နယ်ထဲမှာ နောက်ယောင်ခံလိုက်ပြီးဖမ်းတဲ့ သဘောမျိုးလို့ ယူဆပါတယ်။ စားသောက်ဆိုင်တစ်ခုမှာ ထမင်းစားပြီး အပြန်မှာ အဖမ်းခံရတဲ့မျိုးတဲ့ မိသားစုတွေက ဗိုလ်တစ်ထောင်ရဲစခန်းကို သွားပြီးစုံစမ်းပေမယ့် အဲ့ဒီမှာ သူ့ကို မတွေ့ရဘူးလို့ပြောတယ် ” ဟု ကိုလင်းထက်နိုင်နှင့်နီးစပ်သူတစ်ဦးကပြောသည်။ 

ကိုလင်းထက်နိုင်သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တွင် ပါဝင်လှုပ်ရှားခဲ့သည့် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည်။ 

လက်ပံတန်းပညာရေးသပိတ် ဖြိုခွဲခံရပြီးနောက် ကိုလင်းထက်နိုင်သည်လည်း အမှုဖွင့်တရားစွဲဆိုခံခဲ့ရပြီး ၂၀၂၀ ခုနှစ်တွင် လဝက ပုဒ်မဖြင့် ထောင်ဒဏ် ခြောက်လ ချမှတ်ခြင်းခံခဲ့ရသည်။ 

လက်ရှိအချိန်တွင်လည်း ကိုလင်းထက်နိုင်အား စစ်ကောင်စီဘက်မှ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည်ဟု ၎င်းနှင့်နီးစပ်သူများထံက သိရသည်။ 

#Mizzima 
#စစ်ကောင်စီ
#ဖမ်းဆီး
#ဗကသခေါင်းဆောင်ဟောင်း
#အဆက်အသွယ်ပြတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly