တရုတ်သမ္မတ၏ ဘုံကြွယ်ဝမှုအစီအစဉ်ကို လိုက်နာသည့်အနေဖြင့် နိုင်ငံခြားဘဏ်များကို လုပ်ခလစာ ဖြတ်တောက်ရန် ဖိအားပေး

တရုတ်သမ္မတ၏ ဘုံကြွယ်ဝမှုအစီအစဉ်ကို လိုက်နာသည့်အနေဖြင့် နိုင်ငံခြားဘဏ်များကို လုပ်ခလစာ ဖြတ်တောက်ရန် ဖိအားပေး

တရုတ်သမ္မတ ရှီကျင့်ဖျင်က တတိယမြောက်သက်တမ်းအာဏာရယူရန် ပြင်ဆင်နေသည့် ၂၀၂၂ခုနှစ်တွင် ကျင်းပမည့် ကွန်မြူနစ်ပါတီ၏ ၂၀ကြိမ်မြောက် အမျိုးသားကွန်ဂရက်မတိုင်မီတွင် တရုတ်အာဏာပိုင်များက နိုင်ငံခြားဘဏ်များကို လုပ်အားခဖြတ်တောက်ရန် သတိပေးခြင်းဖြင့် သူ၏ ဘုံကြွယ်ဝမှုအစီအစဉ်ကို လိုက်နာ ဆောင်ရွက်လျက်ရှိသည်။

Credit Suisse၊ Goldman Sachs နှင့် UBS အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အဓိက ရင်းနှီးမြှုပ်နှံမှုဘဏ်များသည် ယင်းတို့၏ ထိပ်တန်းဘဏ်လုပ်ငန်းရှင်များကို အကြီးအကျယ် ဆုမချရန် သတိပေးထားပြီး၊ စွန့်စားမှုများကို ထိန်းချုပ်ရန်နှင့် 'ဘုံသာယာဝပြောရေးကို မြှင့်တင်ရန်' နောက်ဆုံး လုပ်ဆောင်ချက်ဖြစ်ကြောင်း ဟောင်ကောင် ထုတ်ဝေသည့် The Standard သတင်းစာက ဖော်ပြခဲ့သည်။

တရုတ်ရှိ နည်းပညာကုမ္ပဏီကြီးများကို အပြင်းအထန် ဖိနှိပ်ချိန်တွင် ရှီက နိုင်ငံ၏ လူဦးရေအားလုံး၏ ဘုံသာ ယာဝပြောရေးကို ဆက်လက်တောင်းဆိုခဲ့သည်။

တရုတ်ငွေချေးသက်သေခံလက်မှတ်စည်းကမ်းထိန်းသိမ်းရေးကော်မရှင်သည် ဘဏ်လုပ်ငန်းရှင်များ၏ လစာကို ဆွေးနွေးရန် အမှုဆောင်အရာရှိများကို ဆင့်ခေါ်ထားသလို အစည်းအဝေးများအကြောင်း သိရှိသူများကလည်း ဆွေးနွေးမှုများသည် နိုင်ငံခြားဘဏ်များ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို မကြုံစဖူး စည်းမျဉ်း စည်းကမ်းများ ချိုးဖောက်ဝင်ရောက်မှုမှာ အထူးအဆန်းအဖြစ် ရှုမြင်ကြသည်။

ပြည်တွင်း ပွဲစားကုမ္ပဏီများကို လစာနှင့် အသုံးစရိတ်များကို ဖြတ်တောက်ရန် လွန်ခဲ့သည့် ၂ နှစ်ခန့်က ပြောကြားခဲ့သည့်အတိုင်း ပြောကြားခြင်းဖြစ်ကြောင်း The Standard က ဖော်ပြခဲ့သည်။

အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် Credit Suisse ၏ တရုတ်ဌာနေဥက္ကဌ ဂျန်းနစ်ဟူနှင့် Goldman ၏ တွဲဘက်အကြီးအကဲ ဆန်းဖန်တို့အား 'ဘုံကြွယ်ဝမှု' အစီအစဉ်နှင့်အညီ အထူးသဖြင့် အကြီးတန်းမန်နေဂျာများ အတွက် လျော်ကြေးငွေထားရှိရန် ထိပ်တန်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ညွှန်ကြားခဲ့သည်။

တရုတ်တွင် ပထမဆုံးအကြိမ် သတင်းဖော်ပြခဲ့သည့် အမှုဆောင်အရာရှိများလစာဆိုင်ရာ ပြောပိုင်ခွင့် အစည်း အဝေးများသည် ကမ္ဘာလုံးဆိုင်ရာဘဏ်များ တရုတ်တွင် ကာလကြာရှည် ကြုံတွေ့နေရသည့် အခက် အခဲများထဲမှ တစ်ခုသာဖြစ်သည်။

ထို့ပြင် တရုတ်အစိုးရသည် အချို့သော စည်းမျဉ်းများကို အသုံးပြုကာ နိုင်ငံတွင်းရှိ အထင်ကရကုမ္ပဏီများကို ပစ်မှတ်ထားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required