ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းအဖြစ် ရုရှားက သတ်မှတ်ပြောဆို

ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းအဖြစ် ရုရှားက သတ်မှတ်ပြောဆို

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးချိန်တွင် ထိုင်ဝမ်အား တရုတ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရည်ညွှန်းခြင်းအတွက် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က ဇွန် ၁၆ရက်တွင် ပြစ်တင်ရှုတ်ချလိုက်သည်။

သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထိုင်ဝမ်MOFA ပြောရေးဆိုခွင့်ရှိသူ ဂျိုနာအောင်းက ပူတင်၏ မှားယွင်းသော မှတ်ချက်များကို ဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ထိုင်ဝမ်၏ အချုပ်အခြာ အာဏာကို ထိခိုက်စေကြောင်း ဟု ဇွန် ၁၆ရက်တွင် ပြောကြားခဲ့သည်။

MOFA က ယင်းကိစ္စနှင့်ပတ်သက်၍ ရုရှားအာဏာပိုင်များအား သံတမန်လမ်းကြောင်းများမှတစ်ဆင့် ကန့်ကွက် ထားကြောင်း ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များအား ပြောကြားခဲ့သည်။

ပူတင်သည် ရှီနှင့် တယ်လီဖုန်း ဆက်သွယ်မှုအတွင်း ရှင်ကျန်း၊ ဟောင်ကောင်နှင့် ထိုင်ဝမ်ကဲ့သို့သော တရုတ် ပြည်တွင်းရေးကိစ္စများကို ပြင်ပအင်အားစုများက ဝင်ရောက်စွက်ဖက်မှုမှန်သမျှကို ရုရှားက ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်အစိုးရမီဒီယာဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

သို့သော် ယင်းဖော်ပြချက်များသည် ရုရှားက ပြောကြားခဲ့သည့် စကားလုံးအတိုင်းတော့ မဟုတ်ပေ။

တရုတ်သမ္မတနိုင်ငံ သို့မဟုတ် ထိုင်ဝမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ၏ အစိတ်အပိုင်း မဟုတ် ကြောင်းနှင့် PRC အစိုးရသည် ထိုင်ဝမ်ကို မည်သည့်အခါမှ မအုပ်ချုပ်ခဲ့ကြောင်း အောင်းက ပြောကြားခဲ့သည်။

လွတ်လပ်သော ရွေးကောက်ပွဲများမှတစ်ဆင့် ထိုင်ဝမ်ပြည်သူများမှ ရွေးကောက်တင်မြှောက်ထားသော အစိုးရ သာလျှင် ထိုင်ဝမ်ပြည်သူများအား ကိုယ်စားပြုနိုင်သည်ဟု အောင်းက ပြောကြားခဲ့ပြီး တရုတ်အစိုးရ၏ မလိုလား အပ်သော ပြောဆိုမှုများသည် ထိုင်ဝမ်ပြည်သူများအကြား မကျေမနပ်ဖြစ်မှုကိုသာ ဖြစ်စေနိုင်သည်ဟု အောင်းက ဆိုခဲ့သည်။

တရုတ်၏ အာဏာရှင်ဆန်သော ရည်မှန်းချက်များကို တန်ပြန်သည့်အနေဖြင့် ထိုင်ဝမ်က ကမ္ဘာတစ်ဝန်းရှိ လွတ်လပ်မှုနှင့် ဒီမိုကရေစီကို ထောက်ခံသော ဒီမိုကရေစီမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly