တရုတ်ကို တန်ပြန်ရန် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဆော်လမွန်ကျွန်းစုသို့ သွားရောက်

တရုတ်ကို တန်ပြန်ရန် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဆော်လမွန်ကျွန်းစုသို့ သွားရောက်

တောင်ပစိဖိတ်ကျွန်းနိုင်ငံဖြစ်သော ဆော်လမွန်ကျွန်းစုအား တရုတ်နှင့် လုံခြုံရေးသဘောတူစာချုပ်ချုပ်ဆိုရန် မလိုအပ်ကြောင်း အာမခံရန် ဇွန်လ ၁၇ရက်တွင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးအသစ်က ဆော်လမွန် ကျွန်းစုသို့ သွားရောက်ခဲ့သည်။

မေ ၂၁ ရက် ရွေးကောက်ပွဲတွင် သူမ၏ ဗဟို-လက်ဝဲယိမ်း အလုပ်သမားပါတီ အာဏာရလာပြီးနောက် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝမ်သည် ပစိဖိတ်ကျွန်းနိုင်ငံများသို့ သွားရောက်ခဲ့ရာ ဆော်လမွန်ကျွန်းစု သည် ပဉ္စမမြောက်နိုင်ငံဖြစ်သည်။

သြစတြေးလျနိုင်ငံ အရှေ့မြောက်ဘက်ကမ်းရိုးတန်းမှ မိုင် ၁၂၀ဝ အကွာတွင် တရုတ် ရေတပ်အခြေစိုက် စခန်း တစ်ခု တည်ဆောက်မည်ကို စိုးရိမ်ရသည့် တရုတ်နှင့် လျှို့ဝှက်လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ် ရေးထိုးပြီးနောက် ဆော်လမွန်ကျွန်းစုသို့ ပထမဆုံးသွားရောက်သည့် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး လည်းဖြစ်သည်။

ဆော်လမွန်ကျွန်းစုဝန်ကြီးချုပ် ဆိုဂါဗာရီနှင့် 'အပြုသဘောဆောင်ပြီး' 'ကျယ်ပြန့်စွာ' ဆွေးနွေးခဲ့ကြောင်း ဝမ်က ဖော်ပြခဲ့သည်။

'ပစိဖိတ်မိသားစုက ကျွန်မတို့ရဲ့ လုံခြုံရေးအတွက် တာဝန်ရှိပြီး ပစိဖိတ်မိသားစုက ဒီလုံခြုံရေးကို ပေးစွမ်း နိုင်တာထက် ပိုပြီး လုပ်ဆောင်နိုင်တယ်လို့ သြစတြေးလျက ဆက်လက်ရှုမြင်ပါတယ်' ဟု မြို့တော် ဟိုနီရာ ယာတွင် သတင်းထောက်များကို ဝမ်က ပြောကြားခဲ့သည်။

“ဆော်လမွန်ကျွန်းစုမှာ စစ်အခြေစိုက်စခန်းမထားရှိသလို စစ်တပ်တွေထားရှိမှာ မဟုတ်ဘူးဆိုတဲ့ ဝန်ကြီးချုပ် ဆိုဂါဗာရီရဲ့ အာမခံချက်ကို ကျွန်မက ကြိုဆိုကြောင်း ပြောကြားချင်ပြီး သြစတြေးလျက ဆော်လမွန်ကျွန်းစုရဲ့ ပထမဆုံးသော လုံခြုံရေးမိတ်ဖက်နဲ့ ဖွံ့ဖြိုးရေးမိတ်ဖက်အဖြစ် သူ့ရဲ့အာမခံချက်ကို ကြိုဆိုပါတယ်” ဟု သူမက ထပ်လောင်း ပြောကြားခဲ့သည်။

ဩစတြေးလျသည် ဆော်လမွန်ကျွန်းစုအတွက် စေတနာအထက်သန်ဆုံး နိုင်ငံခြားအလှူရှင်နိုင်ငံဖြစ်ပြီး၊ တရုတ် ကဲ့သို့ပင်၊ မတည်မငြိမ်ဖြစ်နေသော လူဦးရေ ၇၀ဝ,ဝဝဝ ခန့်ရှိ နိုင်ငံနှင့် နှစ်နိုင်ငံ လုံခြုံရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားသည်။

သြစတြေးလျရဲတပ်ဖွဲ့သည် ၂၀၂၁ခုနှစ် နိုဝင်ဘာလတွင် အဓိကရုဏ်းများဖြစ်ပွားပြီးကတည်းက ဟိုနီရာယာတွင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly