လန်ဒန်၊ ဖေဖော်ဝါရီ ၉ ။ ။ မန်ယူအသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်တွင် ရရှိခဲ့သော ဒူးဒဏ်ရာကြောင့် ချယ်လ်ဆီးနောက်ခံလူ ဇူးမားသည် ခြောက်လခန့် အနားယူရတော့မည်ဖြစ်သည်။
ဇူးမားသည် လေပေါ်မှဘောလုံးကို ခေါင်းတိုက်ဖျက်ထုတ်ရန်ကြိုးစားရာမှ ပြန်အကျတွင် ပုံစံမမှန်ပဲ ဒူးဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။ “ဒဏ်ရာကို ဓာတ်မှန်ရိုက် စစ်ဆေးခဲ့ရာမှာ ဒူးအရွတ် ထိခိုက်သွားခဲ့ပါတယ်။ နောက်နေ့မှာ ခွဲစိတ်ကုသမှုခံယူသွားမှာပါ။ မကြာမီ ကြံ့ခိုင်မှု အပြည့်နဲ့ပြန်လာခဲ့ပါမယ်”ဟု ဇူးမားက တွစ်တာတွင်ရေးသားခဲ့သည်။
အသက် ၂၁ နှစ်အရွယ်ရှိ ပြင်သစ်နောက်ခံလူဇူးမားသည် ယခုရာသီတွင် ချယ်လ်ဆီးအတွက် ၃၂ ပွဲ ပါဝင်ကစားထားသည်။ ပြင်သစ်အသင်းတွင် ၂ ပွဲ ပါဝင်ကစားခဲ့ပြီးဖြစ်သည့် ဇူးမားသည် လာမည့်ဇွန်လတွင်ကျင်းပမည့် ယူရို ၂၀၁၆ ပြိုင်ပွဲကိုလွဲချော်ရန်သေချာသွားပြီ ဖြစ်သည်။ ဇူးမားသည် တယ်ရီနှင့်တွဲဖက်ပြီး နည်းပြဟစ်ဒင့်၏ လက်အောက်တွင် ကိုးပွဲဆက်တိုက်ရှုံးပွဲ မရှိအောင် ကစားထားသည်။
ရည်ညွှန်း ဘီဘီစီ