နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၉ ဇွန် ၂၀၂၂ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၉ ဇွန် ၂၀၂၂ )

ဇွန်လ ၁၉ ရက်

အမျိုးသားညီညွတ်ရေး အစိုးရ

· ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရှင်များ အောက်တွင် ချုပ်နှောင်ခံထားရသည့် တိုင်း ပြည်နှင့် ပြည်သူ များ လွတ်လပ်ခွင့်ရရန် သူ့အသက်ကို ပုံအပ်ကြိုးစားခဲ့ကြောင်း ယာယီသမ္မတပြောကြားသည်။

· အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်-စစ်ဦးစီးချုပ်၊ ညီနောင်မဟာမိတ်အဖွဲ့များမှ ခေါင်းဆောင်များ၊ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန-ဒုဝန်ကြီးတို့သည် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ဖယ်ခုံပြည်သူ့ ကာကွယ် ရေးတပ်တို့ တည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရသည်။

· ကရင်ပြည်နယ်၊တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်း တပ်ခွဲ ၄ တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ကို ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ် သည်။

· တပ်မဟာ ( ၇ ) ၊ တပ်ရင်း (၇၀၁) အနောက်ပိုင်းတိုင်းမှ ရဲဘော်များက ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ကဗျာနှင့် အတူ တောင်းဆုခြွေခြင်းကို ပြုလုပ်ခဲ့ကြသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnanက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ဆုမွန် ကောင်းတောင်းပါကြောင်း သူ၏ လူမှုကွန်ရက်တွင် ဖော်ပြ ဆုတောင်း လိုက် သည်။

· နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မလေးရှားနိုင်ငံ စမုံညှင်းမြို့ စမုံညှင်းဘုရားမှာ ပြည်ပထောက်ပံ့တပ်စု CSC က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး လူဦးရေ ၅၀၀ နီးပါး တက်ရောက်ခဲ့ကြကြောင်း CSC တာဝန်ခံ ကိုမှိုင်းမျိုးဆက်က ပြောသည်။

· ပြည်သူ့စွမ်းအား တပ်ပေါင်းစု (People's Power Coalition,PPC)မှ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲနှင့် အကြမ်းဖက် စစ်တပ် ဖမ်းဆီးထားသော နိုင်ငံရေး အကျဥ်းသားများ လွတ်မြောက်ရေး ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်ခဲ့ ကြောင်း သိရသည်။

· ယနေ့ ကျရောက်သည့် ဖမ်းဆီး အကျဉ်းချခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ရှိ လူငယ်များက လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ ချီတက် ဆန္ဒပြခဲ့ကြသည်။

· စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီ၏စစ်ကြောင်းထိုးခံနေရသော ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ဘေး ရှောင်စခန်းတစ်ခုတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၇နှစ်မြောက်မွေး နေ့အခမ်း အနားကို စစ်ဘေးရှောင်ပြည်သူများနှင့်ကျင်းပခဲ့ကြသည် ။

· စစ်ကိုင်းတိုင်း ရွှေနွယ်သွေးသပိတ်စစ်ကြောင်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏အသက် ၇၇ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ပြုလုပ်ခြင်းနှင့် အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို ယနေ့ ပြုလုပ်ခဲ့ကြသည်။

· စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင် ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ ဆုတောင်းပွဲနှင့် နိုင်ငံတော် သမ္မတကြီး နှင့် မတရား ဖမ်းစီးခံထား ရသည့် ပြည်သူများ အမြန်ဆုံးလွတ်မြောက်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

· ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့မှ ရဲဘော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်တွင် ဇွန်လ ၁၉ ရက်နေ့ အားမာန်သစ်သပိတ်အင်အားစုက ဦးဆောင်ကာ စစ်အာ ဏာရှင်စနစ်ဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်းပြုလုပ်ပြီး စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် သပိတ်စစ်ကြောင်း မထွက်နိုင်ဘဲ အိမ်တွင်း သပိတ်အဖြစ် စစ်အာဏာရှင် ဖြုတ်ချရေး လှုပ်ရှားကြသည်။

· စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီ၏စစ်ကြောင်းထိုးခံနေရသော ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်း တစ်ခုတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၇နှစ်မြောက်မွေးနေ့ အခမ်း အနားကို စစ်ဘေးရှောင်ပြည်သူများနှင့်ကျင်းပခဲ့ကြသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အုပ်ချုပ်ရေးအဖွဲ့ဝင် သန်းဇော်ထွန်းသည် ယနေ့ မုံရွာ မြို့ပေါ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရ သည်။

· ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှ ပြည်သူများနှင့်အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏အသက် ၇၇ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မွေးနေ့ဆုတောင်းပွဲကိုယနေ့နံနက်ပိုင်း ကနီမြို့နယ် ကျေးရွာ နှစ်ရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

· စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးတွင် စစ်တပ်၏ အမိန့်အတိုင်း ၃ လကျော်ကြာ အင် တာနက်များ ဖြတ်တောက် သဖြင့် MPT တာဝါတိုင်များ ဖြိုချလျက်ရှိပြီး ကျန် ရှိ MPT တာဝါတိုင်းများ အားလုံးဖြိုဖျက် သွားမည်ဖြစ် ကြောင်း တွေ့ရာ သင်္ချိုင်းဓားမဆိုင်း ပျောက်ကျားတပ်ဖွဲ့က

ပြောဆိုထားကြောင်း ဒေသ သတင်းရင်းမြစ်ဆား လင်းကြီးသတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရှိရသည်။

· အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ကြွေးကြော်ပြီး စစ်ကောင်စီက မတရား အကျဉ်းချ ထားသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် မုံရွာမြို့ အထင် ကရ လမ်းမပေါ်တွင် ယနေ့ ဇွန်လ ၁၉ ရက်၌ နှင်းဆီပန်းများ ကြဲဖြန့်ကာ ပြောက်ကျားသပိတ်ဖြင့် ဆန္ဒပြကြသည်။

· အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီး အကျဉ်းချခံထားရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ရွှေခွန်မြေသပိတ်စစ်ကြောင်းသည် ယနေ့ ဇွန်လ ၁၉ ရက်တွင် ဆုတောင်းသပိတ်ပြုလုပ်ခဲ့ကြသည်။ အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြိုဆိုကြောင်း ဆန္ဒပြကြသည်။

· အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ဖြစ်ပွားလျက်ရှိသည့် ထောင်တွင်းညဉ်းပန်းနှိပ်စက်မှုများနှင့် အကျဉ်း ထောင်များအက်ဥပဒေ၊ အကျဉ်းထောင်လက်စွဲဥပဒေပါ ပြဌာန်းချက်များကို ဆန့်ကျင်ပြီး ဥပဒေမဲ့ ဆောင် ရွက်နေခြင်း သေဒဏ်အမိန့်ချမှတ်ခြင်းခံထားရသည့် နိုင်ငံရေးအကျဉ်းသား (၄) ဦးအား သေဒဏ် အတည် ပြုမိန့်နှင့် ကြိုးပေးကွပ်မျက်ရန် စီစဉ်နေသည့် အခြေအနေများအပေါ် နိုင်ငံကျဉ်များမှထုတ်ပြန်သည်။

· ရန်ကုန်ရှိ ရွှေတိဂုံစေတီတွင် ယနေ့ ဇွန် ၁၉ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့်မွေးနေ့ အဖြစ် ဆုတောင်းမေတ္တာပို့ ပန်းအလှူ ပြုခြင်း ၊ အမျိုးသမီးများကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ပန်းလက် ဆောင်ဝေငှခြင်းတို့ကို ပြုလုပ်ကြသည်။

· ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ ပညာရေးမှူးရုံးကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ဗုံးခွဲတိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များထံမှ သိရှိရသည်။

· ယနေ့ ဇွန်လ ၁၉ ရက်တွင် ကျရောက်သော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ရန်ကုန်တွင် Yangon Revolution Force - YRF (Soft Strike Community)၊ ရန်ကုန် သူပုန်များသပိတ်ကော်မတီ (YRSC)၊ Revolution Force - RFနှင့် အခြေခံ ကျောင်းသားများရေးရာအဖွဲ့ (အကရ) တို့မှ ပူးပေါင်းချီတက် ဆန္ဒပြခဲ့ကြသည်။

· ကချင်ပြည်နယ်၊ ဖားကန့်တွင် ဇွန်လ ၁၉ ရက်နေ့ ကျရောက်သည့် ဒေါ်အောင် ဆန်းစုကြည်၏ ၇၇ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ဆုတောင်းပွဲ ပြုလုပ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ ချီတက်ကြသည်။

· ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်ပုံ မဒဲ့ယာန် ကျေးရွာတွင် လုံးခင်းအုပ်စု မှော်ပေါင်းစုံ သပိတ် စစ်ကြောင်းက ပြည်သူများ ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ အခမ်းအနား ပြုလုပ်နေစဥ်

စစ်တပ်က လက်နက်ကြီးဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

· မြစ်ကြီးနားမြို့ တစ်နေရာတွင် နိုင်ငံရေးလှုပ်ရှားသူများ သမဂ္ဂအင်အားစုမှ " မင်းအောင်လှိုင်နှင့် နောက်လိုက် များ အမြန်ဆုံး လက်နက်ချ အလင်းဝင်ပါ" စာတန်းချိတ်ဆွဲကာ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

· တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့၊ အင်းပြား အမှတ်(၄) ရပ်ကွက်တွင် လောင်း လုံ မှ ထွက်ပြေးတိမ်းရှောင်လာသော စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသည့် မိသားစုဝင် လေးဦး ကို ဇွန်လ ၁၈ ရက်နေ့၊ ည ၉ နာရီ အချိန်ခန့်တွင် သေနတ်ဖြင့် လာရောက် ပစ်သတ်ခဲ့ကြောင်း ဒေသခံများ ထံမှ သိရ သည်။

· တနင်္သာရီတိုင်းတွင် ဖမ်းဆီးဖိနှိပ်မှုများကြားမှလောင်းလုံးမြို့နယ်၊ကျေးလက် ဒေသရှိပြည်သူလူထု အားလုံးပူးပေါင်း၍ဇွန်လ၁၉ရက်နေ့ နံနက်ပိုင်း လူထု ခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့် မြောက် မွေးနေ့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးကို လမ်းပေါ်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

· ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးရဲဘော်များမှ ဇွန်လ၁၉ရက်နေ့ မနက်ပိုင်းက "လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏(၇၇)နှစ်ပြည့်မြောက်မွေးနေ့"တွင် တောတွင်း တစ်နေရာကနေ စစ်အာဏာရှင်ဆန့် ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

· ထားဝယ်မြို့အဓိကလမ်းမကြီးတွင် တော်လှန်ရေးလူငယ်များမှ ဇွန်လ ၁၉ရက်နေ့ မနက်စောပိုင်းတွင် "လွတ်လပ်တဲ့ဘဝသစ်အတွက်၊ တိုက်ပွဲကိုဆက်ဝင်ကြ"စာသားကို ချိတ်ဆွဲပြီးနောက် တော်လှန်ရေး သီချင်းဖွင့်ခဲ့ကာ အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေးစာရွက်များဖြန့်ကြဲကြ၍ ဆန္ဒထုတ် ဖော်ခဲ့ ကြသည်။

· မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ ဆုတာင်းပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

· မန္တလေး ပုသိမ်ကြီးမြို့နယ်မှ စစ်ကောင်စီခန့် ကံသာကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ကြံ့ဖွတ် စည်းရုံးရေးမှူး သန်းဆွေ ယနေ့ မွန်းလွဲပိုင်းတွင် ပစ်ခတ်ခံရပြီး ပွဲချင်း ပြီး သေဆုံးသွားကြောင်း နတ်ဆိုးမြေအောက် တော်လှန်ရေးအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

· မန္တလေး ပြည်ကြီးတံခွန် သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

· မြင်းခြံတွင် ပြည်သူများ စုပေါင်း၍ " ပြည်သူ့နေအိမ် မီးရှို့ ပြည်သူကို ပြန်သတ်တဲ့ စစ်တပ်အလိုမရှိ" စာသားအပါအဝင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခြင်းကို ယနေ့ ဇွန် ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

· စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကျောက်ဆည်မြို့ကနေအိမ်ကို ယနေ့နံနက်ပိုင်းက ဗုံးပစ်တိုက်ခိုက်ခံလိုက်ရကြောင်း သိရသည်။

· စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်း စာတမ်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာ ကို မေမြို့သပိတ်အင်အားစုက ပြင်ဦးလွင်တွင် ယနေ့ ချိတ်ဆွဲသည်။

· ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းတွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ နှင့် ဖမ်း ဆီး ခံ နိုင်ငံရေးအကျဉ်း သားများလွတ်မြောက်ရေး ယနေ့ဇွန်လ ၁၉ ရက်နေ့ တွင် တောင်းဆိုလှုပ်ရှား ကြသည်။

· တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင် ကိုရီးယား NUG ကိုယ်စားလှယ်ရုံးမှ ဦးဆောင်ကာ NUG SUPPORT TEAM KOREAမှ ပူးပေါင်းဆောင်ရွက်ပြီး ကိုရီးယားရောက် မြန်မာနိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် ကိုရီးယားအဖွဲ့အစည်းများက ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်နှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

· တောကြီးမြွေပွေးတပ်ဖွဲ့မှ PDF ရဲဘော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည် ၇၇ နှစ်ပြည့် မွေးနေ့ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

· မြန်မာနိုင်ငံတစ်ဝန်းတွင် ယနေ့ ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်၏ ၇၇ နှစ်ပြည့် မွေးနေ့ ဆုတောင်းပွဲများကို ပြည်သူတစ်ရပ်လုံးက ပြုလုပ်ကျင်းပကြပြီး ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ကာ စစ်အာဏာရှင်ကျဆုံးရေး သပိတ်မှောက် ဆန္ဒပြမှုများကိုပါ ပူးတွဲ လုပ်ဆောင် ကြသည်။

· ပြည်သူ့စွမ်းအား တပ်ပေါင်းစု (People's Power Coalition,PPC)မှ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲနှင့် အကြမ်းဖက် စစ်တပ် ဖမ်းဆီးထားသော နိုင်ငံရေး အကျဥ်းသားများ လွတ်မြောက်ရေး ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

· ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ဒေါင့်အင်းကုန်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို ဇွန်လ ၁၅ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးကြောင်း ရေတာရှည် PDF တပ်ခွဲ ၂ က သတင်းထုတ်ပြန်သည်။

· အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီစာစောင်ဖြစ်သည့် ဒီလှိုင်းစာစောင်ကို ပါတီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့တွင် ထုတ်ဝေမှု ပြန်လည်စတင်လိုက်ကြောင်း ကြေညာသည်။

· မကွေးတိုင်း၊ ထီးလင်း YDF Htilin Battalion SSN တပ်ဖွဲ့မှ ကာကွယ်ရေး ရဲဘော်များ ဒေါ်အောင် ဆန်းစုကြည်နှင့် တကွ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် Freedom from Fear Campaign မှု ပြုလုပ်ဆန္ဒပြကြကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ကရင်ပြည်နယ်တွင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ အခမ်း အနား ကို ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် KNLA ကျားဖြူ တပ်ဖွဲ့ တပ်ရင်းရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

· ကရင်ပြည်နယ် မြဝတီခရိုင် KNU တပ်မဟာ (၆) နယ်မြေရှိ လွတ်မြောက်နယ်မြေတနေရာတွင် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် (၇၇)နှစ်ပြည့်မွေးနေ့ကို ဇွန်လ ၁၉ ရက်နေ့တွင် KNDO အထူး ကွန်မန်ဒို တပ်ရင်း/ဆင်ဖြူစစ်ကြောင်းတပ်ခွဲ ၂ (UNITY PDF )မှ ကျင်းပခဲ့ကြောင်းသိရသည်။

· ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် အင်အား ၁၀၀ ခန့်ရှိသည့် အ ကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့က ယမန်နေ့ မနက်ပိုင်းက ၁၆ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြထားသည်။

· ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ အခမ်းအနားကို ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် KNLA တပ်မဟာ ၇ တပ်ရင်း ၁၀၁ တပ်ခွဲ ၃ တွင် ပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ

· မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊ရှင်တော်ကုန်းကျေးရွာအုပ်စု၊ရေကြည်မြောက်ကွင်း၊ကွင်းအ မှတ်(၅၀၆ )၌ တည်ဆောက်လျက်ရှိသည့် မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်း ဆောက်လုပ်နေမှုကို အကြမ်းဖက် စစ်ကောင်စီဆောက်လုပ်ရေးဝန်ကြီး ရွှေလေးက သွားရောက် စစ်ဆေးကြည့်ရှုကြောင်း စစ်ကောင်စီ မီဒီယာများ တွင်ဖော်ပြထားသည်။

· လူမှုကွန်ယက်တွင် NUG, PDF ထောက်ခံကြောင်း ထပ်ဆင့်ဖြန့်ပေးတဲ့ Facebook အကောင့် (၆)ခု၏ သက်ဆိုင် သူများကို ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အကြမ်းဖက် အဖွဲ့အစည်း စစ်ကောင်စီမှ ထုတ်ပြန်သည်။

· အကြမ်းဖက်အဖွဲ့အစည်း၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နှင့်ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဒု-ဥက္ကဋ္ဌ(၁)ခွန်ထွန်းတင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တို့ နှင့် ၃ရက်တာ တွေ့ဆုံဆွေး နွေးခဲ့ ကြပြီး လက်မှတ်ထိုးခဲ့ကြောင်း စစ်ကောင်စီမီဒီယာများတွင် ဖော်ပြထားသည်။

· ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအား အာဇာနည်ဗိမာန်တွင် အာဇာနည်ခေါင်းဆောင်ကြီး များအား လွမ်းသူ့ပန်းခွေချအလေးပြုခြင်းအ ခမ်းအနား၊အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၌ နိုင်ငံတော် အလံတိုင် တစ်ဝက်လွှင့်ထူခြင်း အခမ်း အနား၊ ရန်ကုန်မြို့နှင့်နေပြည်တော်တို့တွင် အာဇာ နည်ခေါင်း ဆောင်ကြီး များအား ရည်စူး၍ ဆွမ်းဆက်ကပ် လှူဒါန်းသည့် အခမ်းအနားတို့ဖြင့် အ ခမ်းအနား ၄ ရပ်ဖြင့်ကျင်းပသွား မည်ဖြစ် ကြောင်း အကြမ်းဖက် အဖွဲ့အစည်း၏ ဝန်ကြီး ကိုကိုကပြောသည်။

· မြန်မာ့အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ တာဝန်ရှိသူ များ၏ ပြောကြားချက်များအပေါ် နိုင်ငံတစ်နိုင် ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ကြရန် အကြမ်းဖက်စစ်ကောင်စီမှ တုံ့ပြန်စကား ပြောကြားလိုက်သည်။

ဇွန် ၁၉ ရက် သုံးသပ်ချက်

· တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲများပြုလုပ်ကြသည်ကိုတွေ့ရသည်။ နိုင်ငံတကာ သံတမန်များ ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မွေးနေ့ ရှင်အတွက် အချုပ်အနှောင်မှ လွတ်မြောက်ရန်အတွက်လည်း ဆုမွန်ကောင်းတောင်းကာ မွေးနေ့ပွဲ ကျင်းပခဲ့ကြသည်။စစ်အုပ်စုမှ ခေတ်အဆက်ဆက် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာကျဆင်းအောင် လူထုကြားမှာ မေးမှိန်ပျေက်ကွယ်အောင် မည်သို့ပင်လုပ်စေကာမူ ပြည်သူလူထု၏ နှလုံးအိမ်တွင် လုံးဝပျောက်ကွယ်မသွားသည်ကို မျက်ဝါးထင်ထင်တွေ့မြင်ရသည်။

· စစ်ကောင်စီမှ ကုလသမဂ္ဂတွင် စစ်ကောင်စီကို အရေးယူရန် ပြောဆိုဆွေးနွေးမှုများကို ပြည်တွင်း ရေး ဖြစ်၍ ဝင်ရောက်စွက်ဖက်မှုမလုပ်ရန် ပြောဆိုပြန်သည်။သို့သော်စစ်ကောင်စီ၏ လုပ်ရပ်များသည် လူမျိုး တုန်းသတ်ဖြတ်မှု၊စစ်ရာဇဝတ်ကျူးလွန်မှုများကို နိုင်ငံတကာမှ ရှုတ်ချတားမြစ်နေ သည့်ကြားမှ ဆက် တိုက် ကျူးလွန်နေသည့်အတွက် နိုင်ငံတကာမှ စစ်အုပ်စုကို အမြန်ဆုံးအရေးယူရန် လိုအပ် နေသည်။

· စစ်ကောင်စီမှ အာဏာသိမ်းသည်မှာ တစ်နှစ်ကျော်လာသည်တိုင် တော်လှန်ရေးနှင့်မသက်ဆိုင်သည့် သာမန်ပြည်သူများမှ ဝေဖန်ခြင်း၊NUG အကြောင်းလူမှုကွန်ရက်တွင် မျှဝေခြင်းစသည်များကိုပါ ပြစ်ဒဏ်ကြီးများချမှတ်နိုင်သည့် ပုဒ်မများဖြင့် အရေးယူနေပြီး ယင်းသို့အရေးယူခြင်ကိုလည်း စစ် ကောင်စီသတင်းစာများတွင် ဖော်ပြကာ ခြိမ်းခြောက်သည်။ ပြည်သူများ၏ သာမန်လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ပိတ်ပင်လာသည့် အခြေအနေပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly