ဖားကန့်မြို့ မော်ပုံကျေးရွာ၌ ဆန်ခါအကျဉ်းထောင်မှ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲ

ဖားကန့်မြို့ မော်ပုံကျေးရွာ၌ ဆန်ခါအကျဉ်းထောင်မှ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲ

ဇွန် ၁၉

ကချင်ပြည်နယ် ဖားကန့်မြို့ မော်ပုံကျေးရွာတွင် ဇွန်လ ၁၉ ရက် မနက် ၁၁ နာရီ အချိန်၌ ဆန်ခါအကျဉ်းထောင်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည် သုံးလုံး ကျရောက် ပေါက်ကွဲ သောကြောင့် ပြည်သူ သုံးဦး လက်နက်ကြီး ကျည်စ ထိမှန် ခဲ့ကြောင်းသိရသည်။

လက်နက်ကြီး ကျည် တစ်လုံးမှာ မှော်ပုံရွာ လမ်းသွယ် (၉) အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး တစ်ဦး ခြေထောက်တွင် ဒဏ်ရာရခဲ့ကာ ကျန် လက်နက်ကြီးကျည် နှစ်လုံးမှာ လမ်းသွယ် (၇) ရှိ အန်တီယု ထမင်းဆိုင်အနီး ကျရောက်ကာ အမျိုးသမီး တစ်ဦး နှင့် အမျိုးသား တစ်ဦး လက်နက်ကြီး ကျည်စ ထိမှန်ကာ အမျိုးသမီး တစ်ဦးမှာ အသက်အန္တရယ် စိုးရိမ်ရသောကြောင့် ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

လွန်ခဲ့သော လကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော ဆန်ခါ အကျဉ်းထောင်မှ မှော်ပုံရွာသို့ လက်နက်ကြီး ပစ်ခတ်သောကြောင့် အမျိုးသား နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။

#mizzima

#ဖားကန့်မြို့

#မော်ပုံကျေးရွာ

#ဆန်ခါအကျဉ်းထောင်မှ

#ပွဲချင်းပြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly