မန္တလေး၊ ဖေဖော်ဇဝါရီ ၉ ။ ။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဒုတိယနေ့)အဖြစ် ဖေဖော်ဝါရီလ ၉ ရက်၊နံနက် ၁၀ နာရီတွင် စတင်ပြုလုပ်ကာ လွှတ်တော်ကော်မတီများ ဖွဲ့စည်းလျက်ရှိသည်။
ဥပဒေပြုရေးကော်မတီနှင့် တိုင်းရင်းသားရေးရာ ရပိုင်ခွင့်ကော်မတီကို ဦးစွာဖွဲ့စည်းလိုက်သည်။
ဥပဒေပြုရေးကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် ဦးတင်အောင်၊အတွင်းရေးမှူးအဖြစ် ဦးမြင့်စိုး နှင့်အဖွဲ့ဝင် ၅ ဦးဖြင့်ဖွဲ့စည်းခဲ့သည်။
တိုင်းရင်းသားရေးရာ ရပိုင်ခွင့်ကော်မတီကိုလည်း ဖွဲ့စည်းကာ ယင်းကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် ဒေါက်တာကျော်ဦး၊အတွင်းရေးမှူးအဖြစ် ဦးစံထွန်းနှင့်အဖွဲ့ဝင် ၅ ဦးဖြင့် ပါဝင်သည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် ဦးသောင်းတင်၊ အတွင်းရေးမှူးအဖြစ် ဦးစောသန်း၊ အဖွဲ့ဝင် ၅ ဦးဖြင့်ဖွဲ့စည်းခဲ့သည်။
ဒေသန္တရစီမံကိန်း၊ ရသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီတွင်လည်း ဥက္ကဋ္ဌ အဖြစ် ဦးအောင်ကြည်၊အတွင်းရေးမှူးအဖြစ် ဦးဇော်ဝင်း၊အဖွဲ့ဝင် ၅ ဦးဖြင့်ဖွဲ့စည်းခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များစီစစ်ရေးကော်မတီကိုလည်း ဥက္ကဋ္ဌအဖြစ် ဦးသောင်းတင်၊ အတွင်းရေးမှူးအဖြစ် ဦးစောသန်း၊ အဖွဲ့ဝင် ၅ ဦးဖြင့် ဖွဲ့စည်းသည်။
မန္တလေးတိုင်းလွှတ်တော်ကို ဖေဖော်ဝါ ၈ရက်က စတင်ခဲ့ပြီး လွှတ်တော် ပထမနေ့တွင် လွှတ်တော်သဘာပတိအဖြစ် ရှမ်းတိုင်းရင်းသားကိုယ်စားလှယ် ဦးစိုင်းကျော်ဇော၊ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပုသိမ်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအောင်ကျော်ဦးနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ပြင်ဦးလွင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှဒေါက်တာ ခင်မောင်ဌေးတို့ကို ရွေးချယ်တင်မြှောက်ခဲ့သည်။
မန္တလေးတိုင်းလွှတ်တော် တတိယနေ့အဖြစ် ဖေဖော်ဝါရီ ၁၀ ရက်၊ နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ကော်မတီများကို အတည်ပြုခြင်းနှင့် လုပ်ပိုင်ခွင့်များကို တင်ပြမည်ဖြစ်သည်။