ချယ်လ်ဆီးအသင်းဒေါက်တာ အီဗာကာနီရိုကို မေ့လိုက်ကြတော့

ချယ်လ်ဆီးအသင်းဒေါက်တာ အီဗာကာနီရိုကို မေ့လိုက်ကြတော့

ချယ်လ်ဆီးအသင်းရဲ့ ဆရာဝန်ဟောင်း အီဗာကာနီရိုကို မှတ်မိကြဦးမှာပါ။ မော်ရင်ဟိုနဲ့ ပြဿနာတက်ပြီး အသင်းက ထုတ်ပယ်ခံလိုက်ရတဲ့ အီဗာကာနီရိုဟာ ဘောလုံးလောကမှာတော့ sexy ကျတဲ့ ဆရာဝန်မ တစ်ဦးပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အခု ကာနီရိုထက်ပိုပြီး ဆွဲဆောင်မှုရှိတဲ့ ဒေါက်တာတစ်ဦးကို မီဒီယာတွေက ဆွဲထုတ်ပြလိုက်ပါပြီ။ သူမကတော့ ဘရာဇီးကလပ် ဘိုအာဗစ်စတာအသင်းက အဟာရဗေဒဆရာဝန် ရိုဆန်နာတိုရာ လက်စ်ပဲ ဖြစ်ပါတယ်။

ဘိုအာဗစ်စတာကစားသမားတွေဟာ အစားအသောက်နဲ့ ပတ်သက်လို့ ကောင်းကောင်းမွန်မွန်စားသောက်ကြပါတယ်။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ ဆရာဝန်မ လှလှ တိုရာလက်စ်ရဲ့ အမုန်းဒဏ်ကို ခံရပါလိ့မ်မယ်။

ပါရာဂွေးနွယ်ဖွား တိုရာလက်စ်ဟာ အာဟာရဗေဒနဲ့ ပတ်သက်ပြီး အထူးပြုအောင်မြင်ထားသူဖြစ်ပါတယ်။ ရီယိုဒီဂျနေးရိုးအရှေ့တောင်ဘက်အရပ်က ဘိုအာဗစ်စတာအသင်းရဲ့ လေ့ကျင့်ရေးကွင်း Saquarema မှာ တိုရာလက်စ် တာဝန်ထမ်းဆောင်နေတာကို တွေ့နိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly