အမေရိကန်က အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်ကို ထုတ်ဖော်ပြသခဲ့ချိန်တွင် တရုတ်သမ္မတက အရှေ့ အလယ်ပိုင်း၌ မိတ်ဆွေနိုင်ငံသစ်များ ရှာဖွေနေ

အမေရိကန်က အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်ကို ထုတ်ဖော်ပြသခဲ့ချိန်တွင် တရုတ်သမ္မတက အရှေ့ အလယ်ပိုင်း၌ မိတ်ဆွေနိုင်ငံသစ်များ ရှာဖွေနေ

စီးပွားရေးခြေရာကို ချဲ့ထွင်ကာ ကမ္ဘာ့စူပါပါဝါနိုင်ငံတစ်ခုအဖြစ် ပေါ်ထွက်လာရန် ကြိုးပမ်းနေသည့် တရုတ် သမ္မတ ရှီကျင့်ဖျင်က ယူအေအီးနှင့် ဇမ်ဘီယာသို့ ဖုန်းခေါ်နေသလို အမေရိကန်ကလည်း အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်ကို ထုတ်ဖော်ပြသခဲ့သည်။

သမ္မတရှီသည် မေလကုန်က ယူအေးအီးသမ္မတ မိုဟာမက် ဘင် နာယာန်နှင့် ဇမ်ဘီယာသမ္မတ ဟီချီ လီမာတို့ထံသို့ ဖုန်းခေါ်ဆိုခဲ့ကြောင်း Strait Times သတင်းတွင် ဖော်ပြထားသည်။

အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်ကို ထုတ်ဖော်လိုက်သည့် အမေရိကန်အစိုးရက အာရှတွင် တရုတ်၏ ကြီးထွားလာနေသည့် စီးပွားရေးသြဇာလွှမ်းမိုးမှုကို တန်ပြန်မည့် အစီအစဉ်ကို ထုတ်ဖော်ခဲ့ပြီးနောက် ယခုကိစ္စ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂ နှစ်ကြာ ဆိုင်းငံ့ထားခဲ့သည့် ၁၉ ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲကို စင်ကာ ပူတွင် ဇွန် ၁၀ရက်မှ ၁၂ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၄၀ ကျော်မှ ကိုယ်စားလှယ်များက ဒေသတွင်းနှင့် ကမ္ဘာ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ခဲ့ကြသည်။

တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟော်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့ ဇွန် ၁၀ရက်က ပထမဆုံး အကြိမ်မျက်နှာချင်းဆိုင် တွေ့ဆုံမှုတွင် ထိုင်ဝမ်၏ လက်ရှိ အနေအထားကို ပြောင်းလဲရန် တရုတ်က ကြိုးပမ်းနေကြောင်း အမေရိကန်က ပြောကြားခဲ့သလို ထိုင်ဝမ်ကို လက်နက်ရောင်းချမှုအတွက် တရုတ်က ရှုတ်ချခဲ့သဖြင့် ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး အကြိတ်အနယ်ဖြစ်ခဲ့ရသည်။

တရုတ်၏ ရေတပ်လှုပ်ရှားမှုနှင့် တောင်တရုတ်ပင်လယ်တွင် ဆက်လက်စစ်ရေးတည်ဆောက်မှုများအပါအဝင် အင်ဒို-ပစိဖိတ်ဒေသရှိ တရုတ်၏ ရန်လိုသော သဘောထားက အရှေ့တောင်အာရှနိုင်ငံအများအပြားကို ဘက်စုံ လုံခြုံရေး အစီအစဉ်များနှင့် ခေတ်မီရေးလုပ်ဆောင်ရန် တွန်းအားပေးခဲ့သည်။

ဖေဖေါ်ဝါရီလတွင် အမေရိကန်က စာမျက်နှာ ၁၂ မျက်နှာပါ အချက်အလက်စာတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အိန္ဒိယကို ပံ့ပိုးကူညီမည့် အလေးပေးဆောင်ရွက်ခြင်းအပါအဝင် ယင်း၏ရေရှည်ရပ်တည်မှုနှင့် ကတိကဝတ် များနှင့် ပတ်သက်ပြီး တောင်အာရှမှ ပစိဖိတ်ကျွန်းစုများအထိ ဒေသတွင်းနေရာတိုင်းကို အာရုံစိုက်သွား မည်ဖြစ် ကြောင်း ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly