မုံရွာမြို့စွယ်တော်ဦး စားသောက်ဆိုင်တွင် စစ် ကောင်စီတပ်နှင့် ပျူစောထီးဆိုသူများ သောက် စားနေစဉ် ဗုံးပစ်ခံရ၍ ၁၀ဦးကျော်သေဆုံး

မုံရွာမြို့စွယ်တော်ဦး စားသောက်ဆိုင်တွင် စစ် ကောင်စီတပ်နှင့် ပျူစောထီးဆိုသူများ သောက် စားနေစဉ် ဗုံးပစ်ခံရ၍ ၁၀ဦးကျော်သေဆုံး

ဇွန် ၁၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံရပ်ကွက် စွယ်တော်ဦး စားသောက်ဆိုင်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ သောက်စားနေချိန်ဇွန်လ၁၇ရက်နေ့ နေ့လယ် ၁၂နာရီခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့မှ ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများမှာအဆိုပါဆိုင်တွင် နေ့စဥ်စုရုံးကာ သောက်စားကျပြီး လမ်းသွားလမ်းလာ ပြည်သူများအား ဒုက္ခပေးမှုများလည်းရှိကြောင်း ဆိုသည်။

"ဒီကောင်တွေက အဲ့မှာအမြဲစုရုံးနေကျနေရာ၊တစ်ခါတလေ လမ်းသွားလမ်းလာတွေကိုလည်း လိုင်စင် စစ်တာလိုလို၊ဘာလိုလိုနဲ့ ဆက်ကြေးကောက်တာတွေရှိတယ်။ အဲ့တာကြောင့် စစ်ရေးပစ်မှတ်အနေနဲ့ လက်လုပ်ဗုံး နှစ်လုံးပစ်ခဲ့တာ၊ သူတို့ထိုင်တဲ့စားပွဲ နှစ်လုံးကြားကို တည့်တည့်ဝင်သွားတယ်"ဟု DRPA အဖွဲ့တာဝန်ရှိသူက ပြောသည်။

ပေါက်ကွဲမှုကြောင့် စစ်ကောင်စီနှင့် ပျူစောထီး ၁၅ဦးသေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာရှိကာ ယင်းလုပ်ဆောင်မှုကို DRPA အဖွဲ့၊Monywa Night Kingအဖွဲ့နှင့် M.A.C.T ထောက်ပို့တပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

"ဆိုင်ကတော့ ဒလန်မဟုတ်ဘူးပေါ့။ စွပ်လည်း မစွပ်စွဲဘူး။ စစ်ကောင်စီနဲ့ပျူစောထီးတွေ အမြဲစုရုံးနေကျနေရာဖြစ်နေလို့ ဆိုင်ကိုရန်ငြိုးထားပြီးလုပ်တာလည်းမဟုတ်ဘူး"ဟု DRPA အဖွဲ့တာဝန်ရှိသူကပြောသည်။

ယခုစစ်ဆင်ရေးမှာ ဇီးကွက်စစ်ဆင်ရေးဖြစ်ပြီး ယခုတစ်ကြိမ်နှင့် ဆိုလျှင် လေးကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။

ဇွန်လ ၁၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ထန်းတောရပ်ကွက်၊ရွှေဝါရောင်လမ်းတွင် စစ်ကောင်စီမြင်သာအောင် မိုင်းထောင်ခဲ့ပြီးဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီမှ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သေးသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#မုံရွာမြို့

#စွယ်တော်ဦးစားသောက်ဆိုင်

#စစ်ကောင်စီတပ်ဖွဲ့

#ပျူစောထီး

#ဗုံးပစ်တိုက်ခိုက်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly