“သာတူညီမျှတဲ့လောက လူထုအားနဲ့တိုက်ယူကြ” ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း ၄၆၃ ရက်မြောက် ချီတက်

17 June 2022
“သာတူညီမျှတဲ့လောက လူထုအားနဲ့တိုက်ယူကြ” ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း ၄၆၃ ရက်မြောက် ချီတက်

ဇွန် ၁၇

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၆၃ ရက်မြောက်အဖြစ် ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် ချီတက် ဆန္ဒပြကြသည်။

“သာတူညီမျှတဲ့ လောက လူထုအားနဲ့ တိုက်ယူကြ”စာတန်းအားကိုင်ဆွဲကာ စစ်အာဏာရှင်အလိုမရှိ ကြောင်း ကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ကြပြီး ကျဆုံးအာဇာနည်များကို အလေးပြုခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း သည် မတ်လ ၉ ရက် ၂၀၂၁ နေ့မှ စတင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ယင်းမာပင်မြို့နယ်

#ဆားလင်းကြီးမြို့နယ်

#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း

#စစ်အာဏာရှင်ဆန့်ကျင်ရေး

#ချီတက်ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly