တနင်္သာရီမြို့နယ် လယ်သစ်ရွာအနောက်ကမ်းတွင် ညတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂ ဦးသေ ၂ ဦး ဒဏ်ရာရ

By ကိုရွှေမြိတ်
17 June 2022
တနင်္သာရီမြို့နယ် လယ်သစ်ရွာအနောက်ကမ်းတွင် ညတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂ ဦးသေ ၂ ဦး ဒဏ်ရာရ

တနင်္သာရီ၊ ဇွန်(၁၇)

မြိတ်ခရိုင် တနင်္သာရီမြို့နယ် လယ်သစ်ရွာအနောက်ကမ်းတွင် ဇွန်လ ၁၆ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့် က ညတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း Tanintharyi Defense Force T-3 အဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ပူးပေါင်း ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့တို့ လယ်သစ်ရွာနောက်ကမ်းတွင် ဇွန်လ ၁၆ ရက်နေ့ညပိုင်းက ၄၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ နှစ်ဦး သေ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PDF ရဲဘော်တစ်ဦးကပြောသည်။

Tanintharyi Defense Force T-3 အဖွဲ့မှ PDF ရဲဘော်တစ်ဦးက “အခု စစ်တပ်ဖက်က အင်အားထပ်ဖြည့် နေပါတယ်။ ပျူစောထီးတွေလည်း ထပ်ရောက်နေတယ်။ တိုက်ပွဲက အခုချိန်အထိ ပစ်လိုက်နားလိုက်ဖြစ် နေတယ်”ဟု ပြောသည်။

လက်ရှိတွင် လယ်သစ်ရွာ၌ ရွာသားများကို စစ်ကောင်စီတပ်က အခြားရွာသို့ရွှေ့ပြောင်းခိုင်းနေပြီး လူမရှိ သည့်နေအိမ်များကို စစ်ကောင်စီတပ်သားများက ဖောက်ထွင်းဝင်ရောက်ကာ ပစ္စည်းများယူနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် အဆိုပါကျေးရွာတွင် မှောင်းလှော်၊ ရင်တောင်နှင့် မင်းသန်းကျေးရွာများမှ ထပ်မံရောက်ရှိလာ သည့် စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့တို့သည် ဘုန်းကြီးကျောင်းပေါ်တွင်တပ်စွဲကာ လက်နက်ကြီးများ ဖြင့် ပစ်ခတ်နေကာ ဖုန်းလိုင်းများလည်း ဖြတ်တောက်ထားကြောင်း သိရသည်။

#Mizzima

#မြိတ်ခရိုင်

#တနင်္သာရီမြို့နယ်

#ညတိုက်ပွဲ

#TanintharyiDefenseForceT-3

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly