ကျောင်းသားလက်ရုံးတပ်တော်သို့ ဗိုလ်ကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၁၀ ဦး ခန့် CDM ဝင်ရောက်

ကျောင်းသားလက်ရုံးတပ်တော်သို့ ဗိုလ်ကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၁၀ ဦး ခန့် CDM ဝင်ရောက်

June 16

ကျောင်းသားလက်ရုံးတပ်တော်(SAF)သို့ ဗိုလ်ကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့် လာ ရောက်ပူးပေါင်း၍ CDM ပြုလုပ်ထားပြီဖြစ်ကြောင်း ကျောင်းသားလက်ရုံးတပ်တော်မှ သိရသည်။

ဗိုလ်ကြီးအဆင့်မှ တပ်သားအဆင့်ထိ စစ်ကောင်စီတပ်ကိုစွန့်ခွာ၍ CDM ပြုလုပ်လာခြင်းဖြစ်ပြီး ကျောင်း သားလက်ရုံးတပ်တော် အခြေစိုက်နေရာများသို့ လာရောက်ပူးပေါင်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ရှေ့တန်းကနေ ဝင်လာတာလည်းရှိသလို သူတို့နောက်တန်းတပ်ရင်းကနေ ကျနော်တို့ဆီဝင်ရောက်လာ ပြီး ပူးပေါင်းလာတာလည်းရှိပါတယ်” ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုဥက္ကာက မဇ္ဈိမကို ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်မှလာရောက်၍ CDM ပြုလုပ်သူများသည် ကျောင်းသားလက်ရုံး တပ်တော်နှင့်ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်သူများရှိသကဲ့သို့ ဝင်ရောက်ခိုလှုံနေသူများလည်း ရှိကြောင်း သိရသည်။

ကျောင်းသားလက်ရုံးတပ်တော်အနေဖြင့် CDM ဝင်ရောက်လာသူများကို နေထိုင်ရေး၊ ကျန်းမာရေးနှင့် နိုင်ငံရပ်ခြားတွင် ဘဝသစ်စနိုင်ရေးတို့အတွက် စီစဉ်ပေးမှုများရှိကြောင်း ဆိုထားသည်။

ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများသည် ကျောင်းသားလက်ရုံးတပ်တော်ကို ၂၀၂၁ ခု နှစ် ဧပြီ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော်၏ ထောက်ပံ့ကူညီမှုဖြင့် တပ်တော်၏ လွတ်မြောက်နယ်မြေတွင် အခြေခံစစ်ပညာများကို သင်ယူခဲ့ခြင်းဖြစ်သည်။

ကျောင်းသားလက်ရုံးတပ်တော်သည် လက်ရှိတွင် တိုက်ပွဲအချို့၌ပါဝင်ဆင်နွှဲနေပြီး တပ်တော်တည်‌ ဆောက်ရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နေကြောင်း ရန်ကုန်အခြေစိုက်ကျောင်းသားသမဂ္ဂများထံမှ သိရသည်။

#Mizzima

#ကျောင်းသားလက်ရုံးတပ်တော်

#ဗိုလ်ကြီးအဆင့်

#စစ်ကောင်စီတပ်သား

#၁၀ဦးခန့်CDMပြုလုပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required