တရုတ်က အာဖရိကတွင် သြဇာချဲ့ထွင်ရန် ပုဂ္ဂလိကစစ်တပ်ကုမ္ပဏီများကို အသုံးပြုနေ

တရုတ်က အာဖရိကတွင် သြဇာချဲ့ထွင်ရန် ပုဂ္ဂလိကစစ်တပ်ကုမ္ပဏီများကို အသုံးပြုနေ

အာဖရိကတွင် တရုတ်ပုဂ္ဂလိကစစ်ဘက်ဆိုင်ရာကုမ္ပဏီများ (PSC) တည်ရှိနေခြင်းက လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် တရားမဝင်လှုပ်ရှားမှုများအပြင် နိုင်ငံအတွင်း တရုတ်၏ ဝင်ရောက်စွက်ဖက်မှုကို တိုးမြင့် လာစေနိုင်သည်။

တရုတ်က အာဖရိကတွင် ပါးပါးနပ်နပ်ဖြင့် စစ်ရေးတည်ရှိမှုကို ထိန်းထားရန်နှင့် ကိုလိုနီပြုသည့် နိုင်ငံ အဖြစ် ရှုမြင်ခံရခြင်းမှ ရှောင်ရှားရန် PSC များကို အသုံးပြုနေခြင်းဖြစ်သည်။

ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI) ကို ၂၀၁၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီးကတည်းက အာဖရိ ကတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် တရုတ်နှင့် အာဖရိကကို ကုန်းတွင်းနှင့် ရေကြောင်းလမ်းကြောင်းများ ဆက်သွယ်ရေးလမ်းကြောင်းများ တည်ဆောက်မှုများ များပြားလာခဲ့သည်။

ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများအပြင် BRI သည် တရုတ်နိုင်ငံသား တစ်သန်းခန့်ကို ဖြန့်ကျက်ချထားခဲ့ပြီး အာဖရိကတွင် တရုတ်ကုမ္ပဏီတစ်သောင်းကျော် ရှိနေပြီဖြစ်သည်။

တရုတ်နိုင်ငံ၏ ပိုင်ဆိုင်မှုများနှင့် နိုင်ငံသားများ၏ ဘေးကင်းရေးအပြင် အာဖရိကကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ဓားပြများကြောင့် ခြိမ်းခြောက်ခံနေရသော ပင်လယ်လမ်းကြောင်းများကို လုံခြုံရေးအတွက် PSCs မှတစ်ဆင့် အာဖရိကတွင် 'ဝင်ရောက်စွက်ဖက်ခွင့်' ဟူသော အကြောင်းပြချက်ကို တရုတ်က ရရှိခဲ့သည်။

မကြာသေးမီက အာဖရိကရှိ တရုတ်အကျိုးစီးပွားများသည် ဒေသခံများ၊ တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်း ဝယ် ဖောက်ကားမှုကဲ့သို့သော အုပ်စုဖွဲ့ရာဇဝတ်မှုများနှင့် ပဋိပက္ခများမှ ထွက်ပေါ်လာသည့် ခြိမ်းခြောက်မှုများ နှင့် ကြုံတွေ့နေရပြီး ယင်းပြန်ပေးဆွဲမှု၊ ပြည်တွင်းပဋိပက္ခများ၊ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပင်လယ် ဓားပြမှု တို့တွင် တရုတ်နိုင်ငံသားများလည်း ပါဝင်နေကြောင်း Geopolitica.info က ဖော်ပြသည်။ 

ထို့ပြင် BRI ကို PSC မှတဆင့် အာဖရိကတွင် ယင်း၏ သြဇာကို မြှင့်တင်ရန် အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်နေသည်။

ထင်ရှားသည့်အချက်မှာ တရုတ်က အာဖရိကနိုင်ငံများသို့ လက်နက်နှင့် ပစ္စည်းကိရိယာများကို ဆက်လက် ပံ့ပိုး ပေးလျက်ရှိပြီး အာဖရိကအတွက် အဓိကလက်နက်ထောက်ပံ့သူအဖြစ် ပေါ်ထွက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required